အဆိုတော်ဗီဗာဟိန်းဟာ အသံကောင်းကောင်းနဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်တဲ့ သူလေးဖြစ်ပါတယ်။ သူမရဲ့ ဖခင်ဟာ အဆိုတော် ဗိုလ်ဟိန်းဖြစ်ပြီး သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေကို ကောင်းမွန်စွာ ဆက်ခံထားသူလေးဖြစ်ပါတယ်။ 

Viva Rkar's Facebook

အဆိုတော်ဗီဗာဟိန်းဟာဆိုရင် ချစ်ရတဲ့ ခင်ပွန်း ကိုအာကာစိုး နဲ့  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက လက်ထပ်ထားတာဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ ချစ်ရတဲ့ ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီပဲဖြစ်ပါတယ်။

Viva Rkar's Facebook

အဆိုတော် ဗီဗာဟိန်းဟာ လူရွေးမှန်ခဲ့တယ်လို့ ဆိုရလောက်အောင် အရမ်းကို ချစ်တတ်တဲ့ ခင်ပွန်းကို ရရှိပိုင်ဆိုင် ထားတဲ့ သူလေးဖြစ်ပါတယ်။

Viva Rkar's Facebook
Viva Rkar's Facebook

အခုတစ်ခေါက်မှာလည်း အဆိုတော် ဗီဗာဟိန်းရဲ့ ခင်ပွန်းဖြစ်သူ ကိုအာကာစိုး က သူချစ်ရတဲ့ ဇနီးလေးရဲ့ ကိုယ်ဝန်အကြောင်းနဲ့ ပတ်သတ်ပြီး ပြောလာတာဖြစ်ပါတယ်။ အဆိုတော် ဗီဗာဟိန်းရဲ့ အမျိုးသားက သားယောကျာ်းလေး လိုချင်တဲ့ သူဖြစ်ပြီး အခု ဗီဗာဟိန်း လွယ်ထားရတဲ့ ရင်သွေးလေးကလည်း သားယောကျာ်းလေး ဖြစ်နေပါတယ်။

Viva Rkar's Facebook
Viva Rkar's Facebook

သားယောကျာ်းလေးကို လိုချင်တဲ့ဖခင်က သားယောကျာ်းလေး ရလာတာ ဖခင်တွေအတွက်တော့ အရမ်းကို ပျော်ရွှင်ဖို့ကောင်းတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါ။ ဒီခံစားချက်တွေကို ဖခင်တွေက ပိုပြီးသိကြမှာပါနော်။ အဆိုတော် ဗီဗာဟိန်းရဲ့ ကြည်နူးစရာ မင်္ဂလာ သတင်းကောင်းလေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။