တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ဟာ ၂၀၁၇ ခုနှစ်ကလက်ထပ်ခဲ့တဲ့ နာမည်ကြီး စုံတွဲတွေ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးကို အားကျခဲ့ရတဲ့ ပရိသတ်တွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google

ကံမကောင်းစွာနဲ့ပဲ လက်ထပ်ပြီး ၂ နှစ်ကြာသွားပြီးတဲ့နောက်မှာ သူတို့နှစ်ဦး ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းပြီးနောက်မှာလည်း သူတို့ နှစ်ဦးရဲ့ အိမ်ထောင်ရေး အခြေအနေသတင်လေးတွေက ကြိုကြား ကြိုကြား ထွက်ပေါ်လာခဲ့ပါသေးတယ်။ 

Google

မကြာသေးမီက ပရိသတ်တွေ က Daejeon မှာရှိတဲ့  Song Joong Ki ရဲ့ မိဘတွေ အိမ်ကို သွားလည်ခဲ့ကြပါတယ်။  ပရိသတ်တွေက Song Joong Ki ရဲ့ အဖေရဲ့ နွေးထွေးပျူငှါတဲ့ ကြိုဆိုမှုကို လက်ခံခဲ့ပြီး နောက်မှာ ဓာတ်ပုံရိုက်ဖို့ အိမ်ထဲကို ဖိတ်ခေါ်ခြင်း ခံခဲ့ရပါတယ်။ 

Google

ဓာတ်ပုံထဲက   Song Joong Ki အဖေရဲ့ အိမ်က မှန်တင်ခုံလေးပေါ်မှာ  Song Joong Ki ရဲ့ ပုံလေးတွေ အများကြီးတင်ထားတာကို တွေ့ရပါတယ်။မှန်တင်ခုံပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံလေးတွေထဲမှာ  Song Joong Ki  ပုံလေးတွေကို အများကြီး တွေ့ရပြီး ပုံလေးတစ်ပုံထဲမှာ  Song Joong Ki  နဲ့အတူ Song Hye Kyo ကိုပါတွဲတွေ့ရပါတယ်။

Google

Song Joong Ki ရဲ့ဖခင်ဟာ Song Song စုံတွဲ လက်ထပ်မယ်လို့ သတင်းထွက်တုန်းက ချွေးမလောင်းဖြစ်သူရဲ့အသက်အရွယ်နဲ့ ပတ်သတ်ပြီး ဝေဖန်ခဲ့ဖူးပေမယ့် ချွေးမလေးကို ချစ်တဲ့ ယောက္ခမကြီး ဖြစ်ပါတယ်။ 

Google

သားဖြစ်သူနဲ့ချွေးမဖြစ်သူ ကွာရှင်းခဲ့စဉ်တုန်းကလည်း ဒီဖြစ်ရပ်က သူနဲ့ သူ့သားဖြစ်သူရဲ့ အမှားကြောင့်လို့ ဝန်ခံခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ချွေးမလေးကို တန်ဖိုးထား ချစ်ခင်တဲ့ ယောက္ခမဟောင်းကြီးဟာ ကွာရှင်းပြီး ၃ နှစ်ကြာသွားပေမယ့်လည်း ချွေးမဖြစ်သူရဲ့ ပုံလေးကို အခုအချိန်အထိ သိမ်းထားတုန်းပဲဖြစ်ပါတယ်။ 

Google

ဓာတ်ပုံလေးက“Descendants of the Sun“  ဇာတ်ဝင်ခန်းထဲက ပုံရိပ်လေး ဖြစ်တာကြောင့် တချို့ ပရိသတ်တွေကလည်း သားဖြစ်သူရဲ့ အောင်မြင်မှုကို ဂုဏ်ယူတာကြောင့် ဓာတ်ပုံလေးသိမ်းထားတာလို့ ဆိုကြပါတယ်။ 

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။