တိရစ္ဆာန်လေးကို ချစ်တတ်တဲ့သူတွေကြားမှာ နာမည်ကြီးခဲ့တဲ့ ခွေးလိမ္မာလေးတစ်ကောင်းရဲ့ အံ့သြစရာ CCTV ရုပ်သံဖိုင်တစ်ခုဟာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ မောင်နှမလို့ ယူဆရတဲ့ ကလေးငယ်နှစ်ယောက်ဟာ ဘောလုံးနဲ့ အတူတူ ဆော့ကစားနေရင်းကနေ ရုတ်တရက် ဘောလုံးဟာ အနီးအနားမှာရှိတဲ့ ရေကန်ငယ်လေးတစ်ထဲကို ကျရောက်သွားခဲ့ပါတယ်။ ဘောလုံး ရေထဲကျသွားတဲ့အတွက် ပြန်လည်ဆယ်ယူဖို့ ခက်ခဲတာကြောင့် အကြီးဖြစ်သူက အိမ်ထဲကို ပြေးဝင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်ခဲ့တဲ့အငယ်ကလေးက ရေကန်အနီးသို့သွားရောက်ခဲ့ပြီး ဘောလုံးကို ဆယ်ယူဖို ကြိုးစားနေခဲ့ပါတယ်။


အနီးအနားမှာရှိနေတဲ့ ခွေးလေးဟာ ကလေးငယ်ရေထဲပြုတ်ကျသွားမှာကို စိုးရိမ်ပြီး ကလေးရဲ့နောက်ကျောအင်္ကျီအစကို ပါးစပ်ဖြင့်ကိုက်ကာ ရေကန်နဲ့မလှမ်းမကမ်းကို ပြန်လည်ခေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခွေးလေးရဲ့ အံ့သြစရာလုပ်ရပ်လေးကို မြင်တွေ့ရလိုက်ပါတယ်။ ရေထဲကျနေတဲ့ ဘောလုံးကို ယူဖို့အတွက် ခွေးလေးဟာ နံရံမှာထောင်ထားတဲ့ ပိုက်ကွန်ကိုယူပြီး ကလေးငယ်ကို မယုံနိုင်စရာ ဘောလုံး ဆယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ ခွေးလေးရဲ့ မထင်ထားတဲ့ လုပ်ရပ်လေးကြောင့် လူမှုကွန်ယက်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး အချို့သူတွေကြားမှာ လုပ်ဇာတ်အဖြစ် ဝေဖန်ထောက်ပြခဲ့တာတွေလည်းရှိခဲ့ပါတယ်။


ဒီခွေးလေးဟာ တရုတ်နိုင်ငံက Nuomi နာမည်ဖြင့် လူသိများခဲ့တဲ့ ခွေးလိမ္မာလေးလို့လည်း သိရပါတယ်။ Nuomi ရဲ့ ထူးခြားတဲ့ အပြုအမူနဲ့ အံ့သြစရာလုပ်ရပ်လေးကြောင့် တရုတ်ဝဘ်ဆိုဒ်အချို့မှာ သူတော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ သူဟာ မူလက အထူးရဲတပ်ဖွဲ့မှာ ၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အနားယူထားတာလို့ သိရပါတယ်။ ယခုဖော်ပြပေးခဲ့တဲ့ ခွေးလိမ္မာလေး Nuomi ရဲ့ မယုံနိုင်စရာ ရုပ်သံဖိုင်လေးကို ကြည့်ရှုပြီး ပရိသတ်တွေရဲ့ အမြင်လေးကိုလည်း ဖွင့်ဟထားခဲ့ပါဦးနော်..။
သတင်းအရင်းမြစ်: SethkiNews
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။