အဆိုတော်မေလသံစဉ်ဟာဆိုရင် မြန်မာသံစဉ်တေးသီချင်းကောင်းလေးတွေကို ပြန်လည် ဆန်းသစ်ကာ သီဆိုလေ့ရှိတဲ့ သူလေးဖြစ်ပါတယ်။ မြန်မာ သံစဉ် ကာဗာ သီချင်းကောင်းလေးတွေကို သီဆိုရင်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာတဲ့ အဆိုတော် မေလ သံစဉ်ဟာ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာ ပါသူလေးဖြစ်ပါတယ်။

မေလသံစဉ် 's Facebook

အဆိုတော်မလေး မေလသံစဉ်ဟာ စန္ဒယား ၊ ဂစ်တာ စတဲ့ တူရိယာတွေကို ကိုယ်တိုင် တီးခတ်တတ်ပြီး မြန်မာ့ရိုးရာ အကကိုလည်း လှပစွာ ကတတ်တဲ့ သူလေးဖြစ်ပါတယ်။

မေလသံစဉ် 's Facebook

မကြာသေးမီကလည်း အဆိုတော် မေလသံစဉ်က ပျော့ပြောင်းလှပစွာ ကထားတဲ့ ပုဂံအကလေးကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာလေးပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။

မေလသံစဉ် 's Facebook

အဆိုတော်မေလသံစဉ်ကနေတဲ့ ပုဂံအကလေးက ချစ်ဖို့ကောင်းလွန်းကို ပရိသတ်ရင်ထဲမှာ စွဲငြိကျန်သွားတဲ့ အထိကို ဖြစ်သွားစေပါတယ်။ မေလသံစဉ်ရဲ့ ပုဂံ အကလေးကို အောက်က ဗီဒီယိုလေးထဲမှာ ဝင်ကြည့်သွားနိုင်ပါတယ်။

မေလသံစဉ် 's Facebook

အဆိုတော်မေလသံစဉ် ပုဂံတီးလုံးလေးနဲ့ ကနေတဲ့ ပုဂံ ကကွက်လေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။