အဆိုတော်ရန်ရန်ချမ်းဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဟစ်ဟော့  အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နာမည်ကျော် အက်ဆစ်အဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ဟစ်ဟော့ပုံစံသစ် တစ်ခေတ်ကို စတင်တည်ထောင်နိုင်ခဲ့တဲ့ သူဆိုလည်း မမှားပါဘူး။

Google
Google
Google

အဆိုတော် ရန်ရန်ချမ်းဟာ လက်ရှိမှာ အပူအပင် တစ်ပုံကြီးနဲ့ ကမ္ဘာပတ်နေရတယ်လို့ သိရပါတယ်။ အဆိုတော် ရန်ရန်ချမ်းဟာ ၂၀၀၀ ခုနှစ်တုန်းက အေးချမ်းခဲ့စဉ် အချိန်ကာလနဲ့ ၂၀၂၂ ခုနှစ်လက်ရှိအချိန်မှာ ရှောင်ပြေးနေရတဲ့ ပုံရိပ်လေးကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နှိုင်းယှဉ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

Yan Yan Chan's Facebook

အဆိုတော် ရန်ရန်ချမ်း နှိုင်းယှဉ်ဖော်ပြထားတဲ့ ပုံလေးနှစ်ပုံထဲမှာ မပြောင်းလဲတာဆိုလို့ သူရဲ့ ချစ်ရသူလေးပဲရှိပါတယ်။ အဆိုတော်ရန်ရန်ချမ်းဟာ လက်ရှိမှာ ပိုင်ဆိုင်သမျှ အရာတွေ အားလုံးကို စွန့်လွှတ်ပြီး သုည ဘဝကနေ စတင်နေရတာဖြစ်ပါတယ်။ အဆိုတော် ရန်ရန်ချမ်း ရဲ့ ပြောင်းလဲသွားတဲ့ ဘဝအကြောင်း ဖော်ပြထားတဲ့ ပုံလေးနှစ်ပုံကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။