ကျွန်တော်တို့ ငယ်ငယ်က သူ့တို့ကား ဗီဒီယိုရုံမှာပြရင် ထမင်းတောင်မစားဘဲ မွေးမေမေဆီက ၅ကျပ်တောင်း၊နေမစောင်းခင် ဗီဒီယိုရုံကိုပြေး၊၃ကျပ်နဲ့ရုံဝင်ကြေးပေးကာ ၂ကျပ်ကို ကြက်ဥခေါက်မုန့်နဲ့ ပဲလှော် ၀ယ်စားရင်း ပျော်ပျော်လေး ကလေးပီပီ ဖြတ်သန်းခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက ဇာတ်လမ်းတွေ ပေါသည်ဖြစ်စေ၊အရည်အသွေးညံ့ဖျင်းသည်ဖြစ်စေ ကျွန်တော် တို့ ကလေးပီပီ သိခဲ့တာက မကောင်းတာလုပ်တဲ့ကောင် နောက်ဆုံးမှာ သေမယ်၊ကောင်းတာလုပ်တဲ့ကောင်က မင်းသားဖြစ်လို့ မင်းသမီးအချစ်ရမယ်ပေါ့။အဲ့တာ ဖိုက်တင်ကား၊မင်းသားဖိုက်တင်ချရင် အသေအကျေနဲ့ လူဆိုးတွေ လဲကျကုန်တာကြည့်ရင် ကျွန်တော်တို့ ကောင်းတာလုပ်တဲ့မင်းသားပဲဖြစ်ချင်ခဲ့တာ။ကိုယ်မင်းသားဆို လူဆိုးတွေကိုနိုင်မယ်ပေါ့။အဲ့လောက်အထိ ကျွန်တော်တို့ကို လွှမ်းမိုးခဲ့တဲ့မင်းသားနှစ်ယောက်က ရဲမင်းပိုင်နဲ့ရဲကိုကို တို့ပဲဖြစ်ပါတယ်။
ရဲမင်းပိုင်ဇာတ်ကားနဲဲ့ပတ်သက်ပြီး ကျွန်တော်မှတ်မိသလောက် “ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား” ဇာတ်ကားကတော့ မှတ်မိနေဆဲပါ။ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားအဖြစ် ကျော်ဟိန်း၊ မိုးသီးအဖြစ် ကျော်သူ၊ အိုလံအဖြစ် သီဟတင်စိုး၊ သတ္တာအဖြစ် ရဲမင်းပိုင်၊ဆားပုလင်းနှင်းမောင်အဖြစ် ထွန်းလင်အောင်၊ မြစပယ်အဖြစ် နဝရတ်၊ မယဉ်နွယ်အဖြစ် ဂန္ထဝင် တို့ ပါ၀င်ထားတဲ့ ဇာတ်ကားကိုတော့ တော်တော်လေး မှတ်မိပါတယ်။ အားနည်းချက်တွေ ရှိကောင်းရှိပါလိ်မ့်မယ်။ဒါပေမယ့် ဇာတ်ကိုတော့စွဲလန်းရသလို သရုပ်ဆောင်တွေကလည်း အဲ့ခေတ်အဲ့အခါက ဒိတ်ဒိတ်ကြဲတွေကြီးပါပဲ။အထူးသဖြင့် ဖိုက်တင်မင်းသား ရဲမင်းပိုင် တစ်ယောက် ပိတ်ကားပေါ်မှာ မြင်ရတော့ ကျေနပ်မိတဲ့အခိုက်အတန့်ပါ။
၂၀၁၆ တုန်းမှာတော့ DKBA မှာ ဗိုလ်ဖြစ်သွားတယ်လို့ သရုပ်ဆောင် ရဲမင်းပိုင်နဲ့ပတ်သက်ပြီး ကောလဟလ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ခင်ဇာခြည်ကျော် ရဲ့ ယူအက်စ် ခရီးစဉ်မှတ်တမ်းမှာတော့ ရဲမင်းပိုင်မိသားစုနဲ့အတူ ခင်ဇာခြည်ကျော် တို့အနုပညာမောင်နှမတွေကို တွေ့ခဲ့ရပါတယ်။အခုတော့ တချိန်ကဖိုက်တင်မင်းသားရဲမင်းပိုင်တို့မိသားစုလေးကအမေရိကန်မှာနေတယ်လို့သိရပါတယ်။ကျွန်တော်ကတော့ရဲမင်းပိုင်ပရိသတ်ပါ။အွန်လိုင်းတွေအင်တာနက်တွေမရှိချိန်က ကလေးပီပီ မုန့်ဖို့ယူ၊ဗီဒီယိုကြည့်၊ကောင်းတာလုပ်ရင်မင်းသားဖြစ်၊မင်းသားကဖိုက်တင်ချတာတော်။မကောင်းတာလုပ်ရင် လူဆိုးဖြစ်၊ဖိုက်တင်မင်းသားအနိုင်ယူတာ လူဆိုးဆိုတော့ ကောင်းတာပဲလုပ်မယ်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။ ဟုတ်ပါတယ်…ကျွန်တော်ရဲမင်းပိုင် ပရိသတ်တစ်ယောက်ပါ။ကျွန်တော်နဲ့အတူ ..ဘယ်သူတွေကရော ရဲမင်းပိုင်ပရိသတ်တွေလဲဆိုတာ..မန့်ခဲ့နော်…
Aung
သတင်းအရင်းမြစ် လူမှုကွန်ရက်အင်တာနက်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။