သရုပ်ဆောင် နန်းစန္ဒာလှထွန်းဟာဆိုရင် သူမ လက်ရှိပါဝင်သရုပ်ဆောင်ထားတဲ့ MRTV 4 ဇာတ်လမ်းထဲက ဇာတ်လမ်းပုံရိပ်လေးတွေကို အမြဲတမ်း တင်ပေးနေကြ ဖြစ်ပါတယ်။

Google
Google
Google

အခုတစ်ခေါက်မှာလည်း နန်းစန္ဒာ လှထွန်းက သူမရဲ့ သူငယ်ချင်းလေး ခြူးလေးနဲ့ အတူ ရိုက်ကွင်းမှာ ဟာသဗီဒီယိုလေး ရိုက်ကူးထားတဲ့ ပုံရိပ်လေးကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။

Facebook

ဗီဒီယိုလေးထဲမှာဆိုရင် သရဖူ ဇာတ်လမ်းထဲက ဇာတ်ကောင်လေးတွေဖြစ်တဲ့ ဝင်းမာ (နန်းစန္ဒာလှထွန်း) နဲ့ အေး (ခြူးလေး) တို့ ကျောင်းဝတ်စုံလေးနဲ့ ကနေတဲ့ ဗီဒီယိုလေးကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ ဝင်းမာလေး သေသွားလို့ ဝမ်းနည်းနေကြတဲ့ သူလေးတွေ ဒီ ဗီဒီယိုလေးကိုကြည့်ပြီး ဝင်းမာလေးတွေ လွမ်းနေတဲ့ အလွမ်းလေးတွေ သေချာပေါက် ပြေပျောက်ကြမှာပါ။

Google

သရုပ်ဆောင် ခြူးလေးနဲ့ နန်းစန္ဒာလှထွန်းတို့ ချစ်သူငယ်ချင်းနှစ်ယောက်ရဲ့ ပြောင်ချော်ချော် ချစ်စရာ ဗီဒီယိုလေးကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။