တရုတ်နိုင်ငံ ရှန်ဟိုင်းမှာဆိုရင် ကိုဗစ်ရောဂါများ ကူးစက်မှု တိုးတတ်လာသောကြောင့် ရောဂါပိုး ကူးစက်ခံထားရတဲ့ အိမ်တွေကို တရုတ်နိုင်ငံအစိုးရက လော့ဒေါင်းများ ပြုလုပ်နေပါတယ်။

Screenshot from original uploader 

တရုတ်နိုင်ငံ ရှန်ဟိုင်းပြည်မှာ မတ်လ ၂၉ ရက်နေ့ကနေစပြီး လော့ဒေါင်းများ ပြုလုပ်နေတာကြောင့် တရုတ်နိုင်ငံ ပြည်သူတွေ အနေနဲ့ မကျေနပ်မှုများစွာ ဖြစ်ပေါ်နေပါတယ်။

Screenshot from original uploader 

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ အိမ်တွေကို ခြံစည်းရိုးတွေ ခပ်ပြီး lockdown ချခဲ့ပါသေးတယ်။ တရုတ်နိုင်ငံမှာဆိုရင် ကိုဗစ်ကပ်ရောဂါကို ကာကွယ်ဖြေရှင်းမယ့် အခြားနည်းလမ်း မစဉ်းစားဘဲ အခုလို ရိုးအီနေတဲ့ နည်းလမ်းဟောင်းကြီးဖြစ်တဲ့ lock down နည်းစနစ်ကို ပြန်လည် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်သူတွေရဲ့ ဒေါသက အရမ်းကို ကြီးမားနေတာပဲဖြစ်ပါတယ်။

Photo credit
Google

ဒီကနေ့မှာဆိုရင် lockdown ပြုလုပ်မှုကြောင့် ပြည်သူများ အစာရေဆာ ပြတ်လပ်ပြီး ချက်စားစရာ မရှိတော့တဲ့ အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

Facebook

ချက်စားစရာ မရှိတော့တဲ့ ပြည်သူတွေက အိုးခွက် ပန်းကန်တွေကို တီးကာ တရုတ် အစိုးရကို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

Google

ဒေါသတွေနဲ့ အိုးခွက် ပန်းကန်များ တီးပြီး ဆန္ဒပြနေကြတဲ့ တရုတ်ပြည်သူတွေရဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။