အဆိုတော်ကြီး စိုင်ထီးဆိုင်ဟာဆိုရင် လူသေဆုံးသွားပေမယ့် နာမည်ဘယ်တော့မှ မသေဆုံးတဲ့ နိုင်ငံကျော် အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်ကြီး စိုင်းထီးဆိုင်သီဆိုခဲ့တဲ့ မောင့်လပြည့်ဝန်း ၊ သံလွင်ချောင်းခြား ၊ ချယ်ရီကိုသာ ပန်ပါကွယ် ၊ ရေကြည်ထဲက လရိပ်ကလေး စတဲ့ သီချင်းတွေဟာဆိုရင်လည်း ဘယ်တော့မှ ခေတ်တုံးသွားတယ်ဆိုတာ မရှိလောက်အောင်ကို အမြဲတမ်း ဆန်းသစ်နေဆဲ သီချင်းတွေ ဖြစ်ပါတယ်။

Google

အဆိုတော်ကြီးစိုင်းထီးဆိုင်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ အဆိုတော်စိုင်းထီးဆိုင်က သူ့ရဲ့သမီးလေးကိုလည်း အရမ်းချစ်တဲ့ ဖခင်ကြီးဖြစ်ပါတယ်။ အဆိုတော်စိုင်းထီဆိုင်က သူ့ရဲ့ သမီးလေးကို အနုပညာအမွေနဲ့ အဆိုပညာကို လက်ဆင့်ကမ်း အမွေပေးခဲ့တဲ့သူဖြစ်ပါတယ် ။

Google

အဆိုတော်စိုင်းထီးဆိုင်ရဲ့ သားသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အဆိုတော်ဆိုင်စံ ဟာဆိုရင်လည်း ဖခင်ရဲ့ အနုပညာပါရမီ အပြည့် လက်ဆင့်ကမ်း ရယူနိုင်တဲ့ သမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်ချစ်ခင်မှုကိုလည်း အပြည့်အဝ ရရှိထားသူလေးဖြစ်ပါတယ်။

Google

မကြာသေးမီက နိုင်ငံကျော်အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သမီးလေး အဆိုတော်ဆိုင်စံဟာ သူမချစ်ရသူ ဂီတ သမားကိုဝဏ္ဏ နဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူလေး ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader
Photo credit to original uploader

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သမီးလေး အဆိုတော် ဆိုင်စံရဲ့ မင်္ဂလာဦးဆွမ်းကျွေး ပုံရိပ်လေးတွေကို အားလုံးပဲ ဂုဏ်ပြုပေးလို့ ရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။