လှေပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရတဲ့ ထိုင်းမင်းသမီး တန်မိုရဲ့ အမှုကို ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်။ အမှုကို ပိတ်သိမ်းသွားခဲ့ပြီးနောက်မှာတော့ လှေပေါ်မှပါလာသူ ၅ ဦးနဲ့ မပါလာသူ ၁ ဦး စုစုပေါင်း ၆ ဦးကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

Google

ထိုင်းရဲတပ်ဖွဲ့တွေက တန်မိုလှေပေါ်ကနေ ပြုတ်ကျသေဆုံးရတဲ့ အမှုကို လူသတ်မှုထက် လှေပေါ်မှာ ပါလာသူများရဲ့ နမော်နမဲ့ နိုင်မှုကြောင့်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဘယ်သူ့ကြောင့်ဆိုတာကို သတ်မှတ်လို့ မရနိုင်တာကြောင့် ဒီကောက်ချက်ချမှုက အခြား စကားလုံးနဲ့ ပြောရရင် မတော်တဆမှုတစ်ခုလို့ ဆိုချင်တာဖြစ်ပါတယ်။ အမှုရဲ့ နိဂုံးက လူသတ်မှုထက် မတော်တဆမှုဆီကိုပဲ ဦးတည်သွားနေတာကြောင့် ပရိသတ်တွေကတော့ အားမလို အားမရ ဖြစ်နေကြပါတယ်။

Google

တရားစွဲဆိုခြင်းခံရမယ့် လူ ၆ ယောက်ကို အမှုကြားနာမယ့် အချိန်အထိ အာမခံနဲ့ လွှတ်ပေးမယ်လို့ သိရပါတယ်။

လှေပေါ်ပါလာသူများရဲ့ စွဲချက် အကျဉ်းချုပ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Tanuphat “Por” Lertthaweewit (လှေပိုင်ရှင်)

• လူသေဆုံးသည်အထိ မဆင်မခြင်လှေမောင်းတဲ့အမှု ( ထောင်

ဏ် ၁၀ နှစ်နှင့် ဘတ်ငွေ ဒဏ်ငွေ ၂ သိန်း )

• လိုင်စင်မပါဘဲလှေမောင်းနှင်မှု

• မြစ်ထဲကို အမှိုက်များပစ်မှု

• လှေအမည်ကိုဖော်ပြရန်ငြင်းဆိုမှု

• သက်တမ်းကုန်ဆုံးနေတဲ့လိုင်စင်ရှိတဲ့လှေကိုမောင်းမှု

Google

Paiboon “Robert” Treekanchananan (လှေသမား)

• လူသေဆုံးသည်အထိ မဆင်မခြင်လှေမောင်းတဲ့အမှု ( ထောင်

ဏ် ၁၀ နှစ်နှင့် ဘတ်ငွေ ဒဏ်ငွေ ၂ သိန်း )

• လိုင်စင်မပါဘဲလှေမောင်းနှင်မှု

• မြစ်ထဲကို အမှိုက်များပစ်မှု

• လှေအမည်ကိုဖော်ပြရန်ငြင်းဆိုမှု

Wisapat “Sand” Manomairat (လိင်ပြောင်း ဒုတိယ မန်နေဂျာ )

• လူသေဆုံးသည်အထိ မဆင်မခြင်လှေမောင်းတဲ့အမှု ( ထောင်

ဏ် ၁၀ နှစ်နှင့် ဘတ်ငွေ ဒဏ်ငွေ ၂ သိန်း )

Nitat “Job” Kiratisut Sathorn (သူငယ်ချင်း )

• အခြားသူများကို ပြစ်ဒဏ်မှ လွတ်ကင်းအောင် ကူညီစောင်ရွက်ပေးခြင်း

• မြစ်ထဲသို့ အမှိုက်များ ပစ်ချမှု

Google

Itsarin “Gatick” Jutha Suksawat (မန်နေဂျာ)

• အခြားသူများကို ပြစ်မှုလွတ်အောင်ကူညီပေးခြင်းနှင့် သက်သေများ ဖျောက်ဖျက်ခြင်းအမှု  (ဓာတ်ပုံများ ဖျက်ဆီးခဲ့ခြင်း )

• ရဲတပ်ဖွဲ့ဝင်များကို မှားယွင်းစွာ ထွက်ဆိုချက်ပေးခြင်းအမှု

Google

တန်မိုရဲ့အမှုက လူသတ်မှုမဟုတ်ဘူးဆိုပေမယ့် လှေပေါ်ပါလာသူတွေရဲ့ အသက်သေဆုံးသည်အထိ နမော်နမဲ့ နိုင်မှုကြောင့်လို့ ဆိုကာ ရဲတပ်ဖွဲ့က သုံးသပ်ခဲ့ကြတာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ထိရောက်သေချာမှု မရှိတဲ့ စုံစမ်းစစ်ဆေးမှုများကို သိပ်ပြီး အားမရကြပါဘူး။ ဘာပဲဖြစ်ဖြစ် တန်မိုလေးရဲ့ အမှုကတော့ ဧပြီ ၂၆ ရက်မှာ အဆုံးသတ်သွားခဲ့ပြီပဲဖြစ်ပါတယ်။ တန်မိုရဲ့ အမေကလည်း သူမနဲ့ သူမ မန်နေဂျာကို မကောင်းပြောတဲ့သူ တွေကို တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

Source - https://thethaiger.com/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။