ပရဟိတ မင်းသမီး ခိုင်နှင်းဝေဟာဆိုရင် သူမရဲ့ သားသမီးလေးတွေကို ရင်နဲ့အမျှစောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ ပရဟိတ မင်းသမီး ခိုင်နှင်းဝေဟာ သူမရဲ့ ဂေဟာက ကလေးငယ်လေးတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးလေ့ ရှိတဲ့ သူဖြစ်ပါတယ်။

Khine Hnin Wai's Facebook 

အခုတစ်ခေါက်မှာလည်း သူမက “အပီဆွဲတဲ့ အဖွဲ့” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သားသားမီးမီးလေးတွေကို ထမင်း ကျွေးနေတဲ့ ဗီဒီယိုလေး တင်ပေးလာတာ ဖြစ်ပါတယ်။

Khine Hnin Wai's Facebook 

ဗီဒီယိုထဲမှာဆိုရင် ထမင်းလုပ်အကြီးကြီးတွေကို အားရပါးရစားနေတဲ့ မေမေ ခိုင်နှင်းဝေရဲ့ သားသားမီးမီးလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ ကလေးလေးတွေက အသက်ငယ်သေးပေမယ့် ကိုယ့်အားကိုယ်ကိုးတတ်ပြီး ထမင်းလုပ်ကြီးတွေ အားရပါးရ စားနေတာကို တွေ့ရတာ တကယ်ကို ကြည်နူးအားရဖို့ကောင်းလှပါတယ်။

Khine Hnin Wai's Facebook 

မေမေခိုင်နှင်းဝေနဲ့ သားသားမီးမီးလေးတို့ရဲ့ ချစ်စရာ ပုံရိပ်လေးတွေ အကြောင်းကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်။

Khine Hnin Wai's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။