ထိုင်းနိုင်ငံ ထိပ်တန်းမင်းသမီးလေး Tangmo က လေလွင့်ရွက်ကြွေ၊ အချစ်ရဲ့ မုန်တိုင်း စတဲ့ Drama တွေနဲ့ လူသိများခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းက ကျောက်ဖုရားမြစ်ထဲကို ပြုတ်ကျပြီး သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Tangmo သေဆုံးတာ အချိန် (၂) လကြာသည်ထိကို အမှုမှန် မပေါ်ပေါက် သေးပါဘူး။ တန်မိုရဲ့မိခင်နဲ့ အမှုကိုတာဝန်ယူထားတဲ့ ရဲတွေက ဒီနေ့ ဧပြီလ ၂၆ ရက်နေ့နေ့လည် ၁၂ နာရီမှာ စစ်ဆေးတွေ့ရှိချက် နောက်ဆုံးအပြီးသတ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အမှုပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သက်သေ ဗွီဒီယိုကလစ်ပေါင်း ၂၀၀၊ သက်သေခံပစ္စည်းပေါင်း ၈၈ မျိုးနဲ့ ရှင်းလင်းသွားမယ်လိုသိရပါတယ်။ ရဲတပ်ဖွဲရဲ့ စစ်ဆေးမှုဟာ ဘယ်လိုတွေ ဖြစ်လာမလဲ၊ မတော်တဆပုံစံမျိုးပဲဖြစ်သွားမလား စိတ်ဝင်စားစရာပါ။

စစ်ဆေးမှုလည်း အပြီးသတ်ဖြစ်သွားပီဆိုတော့ တန်မိုရဲ့ ရုပ်အလောင်းကိုလည်း သဂြိုဟ်ရတော့မှာပါ။ မကြာခင်မှာ မိုရဲ့ အမှုမှန်လေး အမြန်ဆုံးပေါ်ပေါက်လာပါစေ ...

Photo Credit & Source : Chan Nyein Soe - Idea in Bangkok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။