တောင်ကိုရီးယား အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin စုံတွဲလေး နယူးယောက်မြို့မှာ ပျားရည်စမ်း ခရီး ထွက်နေတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ 

Google

ဒီပုံလေးတွေက မနေ့က ဧပြီလ ၂၄ ရက်နေ့မှာ Weibo စာမျက်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ 

Weibo
Weibo

ဒီဓာတ်ပုံလေးကို တင်ထားခဲ့တဲ့ မူရင်းတင်သူက ကြင်စဦး ဇနီးမောင်နှံနှစ်ယောက်ကို နယူးယောက်မြို့ကစားသောက်ဆိုင်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

Google

နယူးယောက်မြို့မှာတွေ့ရတဲ့ Binjin စုံတွဲရဲ့ ပုံရိပ်လေးတွေက လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း Son Ye Jin နဲ့ Hyun Bin တို့ ကြင်စဦးလေး လျှောက်သွားနေတဲ့ ပုံလေးတွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။ 

Google

သတင်းတွေအရ Binjin စုံတွဲလေးက လော့အိန်ဂျလိစ်ကနေ နယူးယောက်ကနေ ၊ နယူးယောက်ကနေ ဟာဝိုင်အီကျွန်းကို သွားမယ်လို့ သိရပါတယိ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။