မအူဝဲလို့ လူသိများတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အသက် ၄၅ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကို ၁၉၇၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မအူဝဲဟာ သူမချစ်ရတဲ့သူ သရုပ်ဆောင် ပြေတီဦးနဲ့ လူသိရှင်ကြား လက်ထပ်ခဲ့ပြီး ချစ်စရာ သမီးလေးတစ်ယောက် ၊ သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ 

Google

အရင်နှစ် ၄၄ နှစ်ပြည့်မွေးနေ့လေးမှာတော့ ပြည်သူချစ်မင်းသမီးလေး အိန္ဒြာကျော်ဇင် က အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။အခု ၄၅ နှစ်ပြည့် မွေးနေ့လေးမှာတော့ လွတ်မြောက်သွားပြီဖြစ်လို့ များစွာ ဝမ်းသာရပါတယ်။ 

Google
Google
Google

နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကအကျဉ်းထောင်ထဲကနေ လွတ်လာကြတဲ့အချိန်ကနေ အခုအချိန်အထိ ပရိသတ်မြင်ကွင်းရှေ့ကို ထွက်ရှိလာခြင်းမရှိသေးပါဘူး။ 

Google

ပရိသတ်တွေကတော့ ရင်နှင့်အမျှ ချစ်ပြီး အားပေးရတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့လေး အတွက် ဝိုင်းဝန်း ဂုဏ်ပြုပေးထားကြပါတယ်။

Google
Google

 ပျော်ရွှင်သောမွေးနေ့လေး ဖြစ်ပါစေနော် မအူဝဲရေ ❤️

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။