တောင်ကိုရီးယား အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင်  တောင်ကိုရီးယား မင်းသား Hyun Bin နဲ့ပူပူနွေးနွေး လက်ထပ်ထားတဲ့ သူလေး ဖြစ်ပါတယ်။ Son Ye Jin ဟာ နာမည်ကြီးတဲ့ သူဖြစ်တဲ့အလျောက်schedule တွေနဲ့ အမြဲ ပြည့်နေသူ ဖြစ်ပါတယ်။ 

Google

အလုပ်အပေါ်မှာ အရမ်းလေးစားတဲ့ မတ်မတ် Son Ye Jin တစ်ယောက် လက်ထပ်ပြီးနောက်မှာ ရိုက်ကူးဖို့အတည်ပြု ထားတဲ့ “Trees Die on Their Feet” ဆိုတဲ့ ဇာတ်လမ်းမှာ မပါဝင်နိုင်တော့ဘူးလို့ သိရပါတယ်။ 

Google

သူမအစား ကမ်းလှမ်းခြင်း ခံထားရတဲ့ နောက်ထပ် မင်းသမီးကတော့ တောင်ကိုရီးယား မင်းသမီး Ha Ji Won  ပဲဖြစ်ပါတယ်။ 

Google

မတ်မတ် Son Ye Jin ဘာကြောင့် ပါဝင်မရိုက်ကူးနိုင်တော့ တာလဲဆိုတာ သေချာမသိပေမယ့် အလုပ်ကို တန်ဖိုးထားတဲ့ သူတစ်ယောက်က အခုလို ငြင်းလိုက်တာ သေချာပေါက် အကြောင်း အရင်း တစ်ခု ရှိနေပါလိမ့်မယ်။

Google

အင်တာနက် အသုံးပြုသူတွေကတော့ မတ်မတ် Son Ye Jin အနုပညာလောကကနေ ခဏလောက်အနားယူပြီးအိမ်ထောင်သည်ဘဝအတွက် အချိန်ပေးမှာကြောင့်လို့ သုံးသပ်ထားကြပါတယ်။ 

Google

မတ်မတ် Son Ye Jin တစ်ယောက် ချစ်စရာ သားသား မီးမီးလေးတွေ မွေး ပြီး သာယာလှပတဲ့ အိမ်ထောင်လေးတစ်ခု အမြန်ဆုံး ရရှိပိုင်ဆိုင်နေစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Google

Source- Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။