တောင်ကိုရီးယား အနုပညာလောကမှာ မင်းသား မင်းသမီး အချင်းချင်း ပြန်ကြိုက်ကြတဲ့ စုံတွဲတွေ အများကြီး ရှိပါတယ်။ သူတို့တွေထဲက အများစုကတော့ လက်ထပ်ပြီးကြပါပြီ။ပြီးခဲ့တဲ့ မတ်လတုန်းကလည်း တောင်ကိုရီးယားနာမည်ကြီး စုံတွဲလေး ဖြစ်တဲ့ Binjin စုံတွဲလေး လက်ထပ်သွားခဲ့ပါတယ်။ 

Google

ဒါကြောင့် အရိုဆုံး စုံတွဲတွေထဲက နာမည်ကြီး သလောက် အချစ်ကြီးကြတဲ့ တောင်ကိုရီးယား မင်းသားတွေ ရဲ့တွဲဖက်လေးတွေကို ဖော်ပြပေးသွားပါမယ်နော်။

Rain – Kim Tae Hee

Google

Rain နဲ့ Kim Tae Hee တို့က ၂၀၁၃ ခုနှစ်မှာ စပြီးတွဲခဲ့ကြတာဖြစ်ပါတယ်။ တွဲပြီး ၄ နှစ်အကြာမှာတော့ သူတို့နှစ်ဦးက အမေရိကန်ဒေါ်လာ ၁၈၀၀ သာကုန်ကျတဲ့ မင်္ဂလာပွဲလေးကို အကျဉ်းချုံးကျင်းပခဲ့ပါတယ်။

Google

 သူတို့နှစ်ဦးကအခုချိန်ထိလည်း အရမ်း ရို အရမ်းချစ်ကြတဲ့ စုံတွဲ အဖြစ် နာမည်ကြီးနေတုန်းပဲဖြစ်ပါတယ်။ 

Hyun Bin – Son Ye Jin

Google

Hyun Bin နဲ့ Son Ye Jin စုံတွဲလေးကလည်း အရမ်းချစ် အရမ်းရိုတတ်တဲ့ စုံတွဲလေးအဖြစ်နာမည်ကြီးပါတယ်။အထူးသဖြင့် Hyun Bin ရဲ့ Son Ye Jin အပေါ်ထားတတ်တဲ့ ဂရုစိုက်မှုလေးတွေက ပရိသတ်တွေကြားမှာ ပိုပြီးနာမည်ကြီးပါတယ်။

Google

 သူတို့နှစ်ဦး က ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကမှ လက်ထပ်ထားကြတာဖြစ်ပါတယ်။ 

Lee Sang Woo – Kim So Yeon 

Google

မင်းသား Lee Sang Woo နဲ့ သူ့ရဲ့ချစ်ဇနီးလေး Kim So Yeon တို့က ၂၀၁၆ ခုနှစ်က အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့“Happy Home” ဇာတ်လမ်းမှာ တွေ့ပြီး ချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။ 

Google

အသက်ကလည်း အတူတူ နှစ်ယောက်စလုံးကလည်း အချင်းချင်း သဘောကြနေခဲ့ကြတော့ ၂၀၁၇ ခုနှစ်မှာပဲ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်တာအချိန် ၅နှစ်ကျော်ကြာသွားပေမယ့် သူတို့နှစ်ဦးမှာ သားသမီး ရတနာလေးတွေ မရရှိသေးပါဘူး။ ဒါပေမယ့်လည်းအခုအချိန်ထိ ကြင်စဦးတွေလို ချစ်ကြည်နူး တစ်တီတူး နေကြတုန်းပဲဖြစ်ပါတယ်။ 

Ji Sung – Lee Bo Young

Google

တောင်ကိုရီးယားမင်းသား Ji Sung နဲ့ Lee Bo Young တို့ကလည်း ၂၀၀၄ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့  “Save Your Last Dance For Me” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်ကြွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ 

Google

အဲဒီဇာတ်လမ်းမှာ မင်းသမီး Lee Bo Young က ခေါင်းဆောင်မင်းသမီး မဟုတ်ခဲ့ပေမယ့် မင်းသား Ji Sung ကတကယ်ကို တန်ဖိုးထား ချစ်မြတ်နိုးခဲ့တာဖြစ်ပါတယ်။ မင်းသား Ji Sung ကိုယ်တိုင် မင်းသမီး Lee Bo Young ရဲ့နှလုံးသားကိုရဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ ရလာဒ်အနေနဲ့ ၃ နှစ်အကြာမှာတော့တရားဝင်တွဲခဲ့ကြပါတယ်။ ၆နှစ်ကြာလူသိရှင်ကြားတွဲပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ သူတို့ နှစ်ဦး တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ တစ်ခုထူးခြားတာက Ji Sung တို့ လက်ထပ်တဲ့နေရာက Binjin စုံတွဲ လက်ထပ်တဲ့ ခန်းမနေရာနဲ့ သွားတူနေတာပဲဖြစ်ပါတယ်။ 

Google

ချောမောလှပတဲ့ မင်းသမီးလေးတွေကို အရ ယူနိုင်ခဲ့ကြတဲ့ တောင်ကိုရီးယားမင်းသားတွေအကြောင်းကို ပြောပြလို့တော့ ပြီးသွားပါပြီ။ ဘယ်အတွဲ အကြိုက်ဆုံးလဲဆိုတာ ပြောပေးသွားကြပါဦးနော်။ ?

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။