ဇနီးဟောင်း ဖြစ်သူရဲ့ အိမ်တွင်း အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ မင်းသားကြီး Johnny Depp ဟာနောက်ဆုံးမှာတော့ သူမြိုသိပ်ခံစားခဲ့ရတာတွေကို တရားရုံမှာ ဖွင့်ချနိုင်ခဲ့ပါပြီ။ 

Photo credit 

မင်းသားကြီး Johnny ဟာ မျက်နှာကို ဆေးလိပ်မီးနဲ့လည်း အထိုးခံရသလို၊ ပါးရိုက်တာလက်သီးထိုးတာတွေလည်း နေ့စဉ်နေ့တိုင်း ကြုံတွေ့ခဲ့ရတဲ့ သူဖြစ်ပါတယ်။  အပြင်းထန်ဆုံးအနေနဲ့ လက်ခလယ်အထိ ပြတ်သွားခဲ့ရတာတွေလည်းရှိပါတယ်။ နည်းမျိုးစုံသော အကြမ်းဖက်မှုတွေအားလုံးကို သူ့ရဲ့ သေးကွေးတဲ့ ဇနီးဟောင်း Amber Heard က ပြုလုပ်ခဲ့တာပါ။ 

Photo credit 

ဒီနေရာမှာပြောင်းပြန်အနေနဲ့ Johnny သာမဟုတ်ဘဲ Amber သာဆိုရင် တJohnny တစ်ယောက်တစ်ကမ္ဘာလုံးကတံတွေးခွက်မှာ ပက်လက်မြောပြီး ရစရာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ဟာ အမျိုးသားဖြစ်လို့ အားကြီးတာ.. အမျိုးသမီးဖြစ်လို့ အားနည်းတာ ရယ်လို့နဲ့လုံးဝ မဆိုင်ဘဲ လူတစ်ယောက်ရဲ့ ဗီဇ ပုံစံကို ဖော်ပြနေလို့ သင်ခန်းစာအများကြီး ရယူနိုင်ပါတယ်။ 

Photo credit 

Johnny က စိတ်ပိုင်းဆိုင်ရာရော ၊ ကိုယ်ထိလက်ရောက်ရော နည်းမျိုးစုံနဲ့ အကြမ်းဖက်မှု ခံခဲ့ရပြီးနောက်မှာတော့သူဖုံးကွယ်ထားခဲ့တာကို တစ်ကမ္ဘာလုံးကို ချပြနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကလည်း မင်းသားကြီး Johnny ကို များစွာ ဂရုဏာသက် ခံစားပေးကြပြီး ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။ 

Photo credit 
Photo credit 
Photo credit 

တရားရုံးကအပြန်မှာ ပန်းစည်းပေးပြီး အားပေးတဲ့ ပရိသတ်အထိ ရှိလာတာကြောင့် မင်းသားကြီး Johnny ရဲ့ဝမ်းသာ ဝမ်းနည်း အပြုံးလေး ကို မျက်လုံးတွေမှာ ခံစားလို့ရပါတယ်။ 

Photo credit 

မင်းသားကြီး Johnny တစ်ယောက် တစ်ကမ္ဘာလုံးက ပေးတဲ့ ခွန်အားတွေနဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။