ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာ ၂၀၂၁ ခုနှစ်က သိမ်ဆောက်ဖို့အတွက် အလှူငွေလေးတွေကို ကိုယ်တိုင် ဦးစီးကာ အလှူခံခဲ့ပါတယ်။

Paing Takhon’s Facebook

ဒါပေမယ့် ကြားထဲက အကြောင်း ကိစ္စတွေကြောင့် သိမ်ဆောက်အလှူလေးကိုအကောင်အထည်ဖော်ဖို့ နှောင်နှေးသွားခဲ့ပါတယ်။ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်ဟာသူ့ကြောင့် နှောင်နှေးသွားခဲ့ရတဲ့ သိမ်ဆောက်အလှူလေးကို အခု ပြန်လည် အကောင်အထည်ဖော်ခဲ့ပါတယ်။ 

Paing Takhon’s Facebook

သိမ်ဆောက်အလှူလေးကို ပြန်လည်အကောင်အထည် ဖော်ဖြစ်ခဲ့တဲ့အကြောင်းကို ပိုင်တံခွန်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ဖော်ပြပေးလာခဲ့ပါတယ်။ 

Paing Takhon’s Facebook
Paing Takhon’s Facebook
Paing Takhon’s Facebook

“2021ခုနှစ်က ကျနော် ဦးစီးခဲ့တဲ့ သိမ်ဆောက်လုပ်ဖို့ အလှူဟာ ကျနော့်ကြောင့်ပဲ နှောင့်နှေးခဲ့ရလို့ ကျနော်နှင့်အတူပူးပေါင်း လှူဒါန်းခဲ့တဲ့ အလှူရှင် တွေကို တောင်းပန်ပါတယ် 

.

အခု ကျနော် ပြန်ရောက်လာပြီဆိုတော့  ဒီသိမ်ကျောင်း ပြန်လည်ဆောက်လုပ်ဖို့ နဲ့ အလှူငွေကျပ် သိန်း(၁၁၁၀၆၀၈၉၂ ) အတိကို ဘုန်းဘုန်း အားလွှဲအပ်ပေးဖို့ အတွက် ကျနော်လုပ်နေပါတယ် ။”

Paing Takhon’s Facebook
Paing Takhon’s Facebook
Paing Takhon’s Facebook 

လက်ရှိမှာတော့ ပြည်သူ့မင်းသားလေး ပိုင်တံခွန်က သိမ်ဆောက်ဖို့ အလှူငွေ သိန်းပေါင်း ၁ ထောင်ကျော်ကို ဘုန်းဘုန်းကို လွှဲဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ကြားထဲမှာ လစ်ဟာသွားတဲ့ ကိစ္စကြောင့်လည်း ပိုင်တံခွန်က ပရိသတ်တွေကို တောင်းပန်ကြောင်း ဆိုထားပါတယ်။ ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်ရဲ့ သိမ်အလှူတော်လေးကို အားလုံးပဲ သာဓုခေါ်ဆိုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။