တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ Binjin စုံတွဲလေး ဟာဆိုရင် အရမ်းကို ချစ်တတ်ကြလွန်းလို့ လူတိုင်း အားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ Binjin စုံတွဲလေးက ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ခန်းနားပျော်ရွှင်စွာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Google

သူတို့နှစ်ဦးက လူသိရှင်ကြားဖြစ်ရတာကို မကြိုက်ဘဲ သီးသီးသန့်သန့်နေရတာကို ကြိုက်နှစ်သတ်ကြတဲ့ သူလေးတွေ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း Binjin စုံတွဲ LA မှာ လက်ချင်းချိတ်ပြီး လျှောက်လည်နေကြတဲ့ ပုံလေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo credit
Photo credit

ဓာတ်ပုံလေးထဲမှာဆိုရင် Hyun Bin က သူ့ချစ်ဇနီးလေး Son Ye Jin ရဲ့ အိတ်တွေကို ကိုယ်စားကိုင်ပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

Photo credit

နှစ်ယောက်သားက ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတွေကို ဝတ်ထားကြပြီး သာမန်လူလေးတွေလိုမျိုး LA က လမ်းမထက်ပေါ်မှာ လျှောက်သွားနေကြတာဖြစ်ပါတယ်။

Youtube

ချစ်ကြည်နူးစရာ တစ်တီတူးစုံတွဲလေးရဲ့ ပုံရိပ်လေးတွေကို အားလုံးပဲကြည့်လိုရအောင် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။