ထိုင်းနာမည်ကြီး မင်းသားလေး Mark Prin သူ့ချစ်သူ ကောင်မလေး Kimmy Kimberley ကို လက်ထပ်ခွင့်တောင်းတဲ့ သတင်းလေးက လူမှုကွန်ရက် စားမျက်နှာပေါ်မှာ ရေပန်းစားနေပါတယ်။ 

Instagram 

Mark Prin ကသူ့ချစ်သူလေးကိုချစ်သူသက်တမ်း ၉နှစ်အကြာမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ချစ်သူကောင်လေးရဲ့ လက်ထပ်ခွင့်တောင်းရမ်းမှုကို  Kimmy Kimberley  ကလည်း ကြည်ဖြူစွာ လက်ခံခဲ့ပါတယ်။ 

Instagram 

သူတို့နှစ်ဦးရဲ့ လက်ထပ်ခွင့် တောင်းရမ်းခြင်း အစီအစဉ်လေး နောက်ကွယ်မှာ လူသိပ်မသိသေးတဲ့ အကြောင်းအရာလေး ရှိနေပါသေးတယ်။ 

Instagram 
Instagram 

အဲ့ဒါလေးကတော့ သူငယ်ချင်းနှစ်ဦးရဲ့ လက်ထပ်ခွင့် တောင်းရမ်းတဲ့အစီအစဉ်ကိုဝိုင်းဝန်း ကူညီအားဖြည့်ပေးခဲ့တဲ့ Ya Ya တို့ စုံတွဲလေးပဲဖြစ်ပါတယ်။ 

Instagram 
Instagram 

Mark Prin  လက်ထပ်ခွင့်တောင်းတဲ့ အချိန်မှာ Ya Ya တို့ စုံတွဲလေးလည်း အတူ ရှိနေပြီး လက်ထပ်ခွင့်တောင်းမှုကိုအပြည့်အဝ အားဖြည့်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

Instagram 
Instagram 

သူငယ်ချင်း စုံတွဲလေး လက်ထပ်ခွင့်တောင်းတဲ့ ပုံရိပ်လေးတွေမှာ အတူကပ်ပါလာတဲ့ ထိုင်းနာမည်ကြီး မင်းသမီးYa Ya နဲ့ ချစ်သူကောင်လေး Nadech Kugimiya တို့ရဲ့ ပုံရိပ်လေးတွေဟာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာနာမည်ကြီးနေပါတယ်။ 

Instagram 

သူတို့စုံတွဲလေး နှစ်တွဲက လက်ရှိမှာ အရမ်းကို လှပတဲ့ ဆွစ်ဇာလန်နိုင်ငံမှာ အတူတူရှိနေကြတာပဲဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။