တောင်ကိုရီးယားမိန်းကလေးများ အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Hello Venus ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Yeoreum  တစ်ယောက် နောက်လမှာ သူမချစ်ရတဲ့သူနဲ့ လက်ထပ်တော့မယ်လို့ သိရပါတယ်။ မင်္ဂလာသတို့သားလေးက သူမရဲ့ အရင်က မန်နေဂျာဟောင်း ဖြစ်ခဲ့ဖူးတဲ့ ကောင်လေးလို့ သိရပါတယ်။

Google

သူတို့ နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးက အရမ်းကို ကြည်နူးဖို့ကောင်းပြီး စိတ်ကူးယဉ်ဆန်လွန်းတာကြောင့် ပရိသတ်တွေ အနေနဲ့ များစွာ အားကျ အံ့သြနေကြပါတယ်။ မန်နေဂျာနဲ့အိုင်လ်ဒေါ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ရုပ်ရှင်ကားတွေထဲမှာ ခဏခဏ မြင်တွေ့ရပေမယ့် အခုလို အပြင်မှာ တကယ်ကြီး မြင်တွေ့ရတာကြောင့် အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလှပါတယ်။

Google

Yeoreum ရဲ့ မင်္ဂလာပွဲကို မေလ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Yeoreum က အဆိုတော် တစ်ယောက်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲပြီးသွားရင်တော့ သရုပ်ဆောင် လမ်းကြောင်းပေါ် လမ်းတတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Google
Google

Yeoreum က Hello Venus အဖွဲ့ဝင်ထဲမှာ လက်ထပ်တဲ့ ဒုတိယမြောက် အဖွဲ့ဝင်လေး ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။