အားလုံးပဲ စက်လှေပေါ်နေ ပြုတ်ကျသွားရတဲ့ ထိုင်းမင်းသမီးလေး တန်မိုကို သိကြမှာပါနော်။ ထိုင်းမင်းသမီးတန်မိုရဲ့ အမှုကို သွေးရိုးသားရိုး မဟုတ်ဘူးဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာ အခုအချိန်ထိပဲဖြစ်ပါတယ်။

Google

ထိုင်းမင်းသမီးတန်မို သေဆုံးမှုနဲ့ ပတ်သတ်ပြီး လှေပေါ်မှာ ပါလာသူတွေကို အခုအချိန်ထိ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေလျက်ရှိပြီး သက်သေအထောက်အထားများလည်း စုစည်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Google

တန်မိုအမှုကို လက်ရှိတာဝန်ယူ စုံစမ်းစစ်ဆေးပေးနေတဲ့ ရှေ့နေက ဆက်လက်တင်ပြဖို့ သက်သေအထောက်အထားတွေ အများကြီးရှိပေမယ့် တန်မိုရဲ့မိခင်နဲ့ အမှုကိုတာဝန်ယူထားတဲ့ ရဲတွေက ဘယ်လို အကြောင်းပဲရှိရှိ လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ အမှုပိတ်သိမ်းတော့မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ တန်မိုရဲ့ အမှုနဲ့ ပတ်သတ်ပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အမှန်တရားကို ရှာဖွေကြတော့မယ့် ပုံပါပဲ။

Google

ရရှိထားတဲ့ အထောက်အထားတွေအရ ဖိတန်မို သေဆုံးတဲ့ အမှုက မတော်တဆအမှုမဟုတ်ဘဲ လူသတ်မှုဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ချက်ကလည်း တန်မိုလှေပေါ်က ပြုတ်ကျခဲ့စဉ်က လှေနောက်ဘက်ကနေ ပြုတ်ကျခဲ့တာမဟုတ်ဘဲ  လှေရှေ့ဘက်က ပြုတ်ကျခဲ့တာဖြစ်ကြောင်း ၊ ပြုတ်ကျခဲ့စဉ်မှာလည်း  သက်ကယ်ဝတ်စုံ ဝတ်ထားခဲ့တယ်ဖြစ်ကြောင်း သက်သေတွေက ဖော်ညွှန်းနေတယ်လို့ သိရပါတယ်။

Google

တန်မိုလှေပေါ်ကနေ ပြုတ်ကျခဲ့စဉ်က တန်မိုနဲ့အတူ လူ ၅ ယောက်ရှိနေပေမယ့် အဆိုပါ လူ ၅ ယောက်ရဲ့ ထွက်ဆိုချက်က မမှန်မကန် ဖြစ်နေတာကြောင့် အမှုကို အစကနေ ပြန်လည် စုံစမ်းပြီး ရှာဖွေ စုံစမ်းနေကြတာဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင်တော့ အမှုက ဧပြီလ ၂၆ ရက်နေ့မှာ အမြန်ဆုံး အဆုံးသတ်တော့မယ်လို့ ထင်မိပါတယ်။ အမှုမှန်ပေါ်ပေါက်သွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..ကောင်မလေးရေ .. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။