တောင်ကိုရီးယား နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့စုံတွဲလေး လော့စ်အိန်ဂျလိ မြို့ကို ၁၁ ရက်ကြာ ဟန်းနီးမွန်းခရီးထွက်လာကြတာ အားလုံးပဲ သိပြီးကြလောက်မယ်ထင်ပါတယ်နော်။ လက်ရှိမှာတော့ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ နှစ်ယောက်လုံး အခက်အခဲတွေ အများကြီးကြားထဲကနေ ဟန်းနီးမွန်းခရီစဉ်ကို ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။

Google

နာမည်ကြီးစုံတွဲဖြစ်တာကြောင့် ဟွန်ဘင်းနဲ့ဆွန်ရီဂျင်း တို့ နှစ်ယောက်လုံး နောက်ကိုလိုက်နေတဲ့ ပရိသတ်တွေ သတင်းထောက်တွေလည်း အများကြီးပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦးရဲ့ ချိုမြိန်လှတဲ့ ဟန်းနီးမွန်းခရီးစဉ်က အရမ်းကြီးတော့ လွတ်လပ်မှု ရှိမနေခဲ့ပါဘူး။ 

Google

မကြာသေးမီကလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဟွန်ဘင်းနဲ့ဆွန်ရီဂျင်းတို့ အမေရိကန်လမ်းမထက်ဆီမှာ လမ်းလျှောက်နေတဲ့ ပုံရိပ်လေးပျံ့နှံ့လာခဲ့ပါတယ်။

Google

ဗီဒီယိုတင်တဲ့သူက သူလမ်းလျှောက်နေရင်းနဲ့ ဘင်းဂျင်း စုံတွဲကိုတွေ့တာကြောင့် အနောက်က လိုက်ပြီး ဗီဒီယိုရိုက်ခဲ့တာလို့ ဆိုထားပါတယ်။ လမ်းတစ်လျှောက် ဗီဒီယို လိုက်ရိုက်ပြီးတဲ့နောက်မှာတော့ ဟွန်ဘင်းက ရောက်လာပြီး ဗီဒီယိုရိုက်နေတာကို ရပ်တန့်ဖို့ ယဉ်ကျေးစွာ ပြောလာခဲ့တယ်လို့ သိရပါတယ်။

Google

ဒီဖြစ်စဉ်လေးကိုကြည့်ရရင် ဘင်းဂျင်း စုံတွဲလေးက သူတို့ နှစ်ဦးရဲ့ ဟန်းနီးမွန်းကို နောက်ကနေ လိုက်စောင့်ကြည့်နေတဲ့သူမရှိဘဲ    စိတ်အသက်သာဆုံးသွားချင်တဲ့ ပုံရပါတယ်။

Google

လေဆိပ်မှာလည်း ပရိသတ်တွေ အများကြီးက ဘင်ဂျင်းစုံတွဲကို ဝိုင်းပြီးဓာတ်ပုံတွေရိုက်ခဲ့ကြပါသေးတယ်။ ဓာတ်ပုံရိုက်ခဲ့ကြတဲ့ ပရိသတ်တွေထဲမှာ မတ်စ် မတပ်တဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဟွန်ဘင်းက သူနဲ့သူ့ဇနီးသည်ရဲ့ ဘေးကို မတ်စ် မတပ်ဘဲ ကပ်လာကြသူတွေရဲ့ အပြုအမူကို မနှစ်မြို့ဘူးလို့ သိရပါတယ်။

Google

ဒီသတင်းကို သိရှိခဲ့တဲ့ နိုင်ငံတကာက အင်တာနက် အသုံးပြုသူတွေက ဘင်ဂျင်းစုံတွဲအပေါ် လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အပြုအမူက စိတ်ရှုပ်ဖို့ကောင်းပြီး ပိုလွန်းတယ်လို့ ဆိုထားကြပါတယ်။ ဒါ့အပြင် ဘင်းဂျင်းစုံတွဲရဲ့ ဟန်းနီးမွန်းခရီးစဉ်ကို အများကြီး လိုက်မနှောက်ယှက်ဘဲ အေးအေးဆေးဆေးထားကြဖို့ ဝိုင်းဝန်း တိုက်တွန်းထားကြသူတွေလည်း ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။