ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း ရှာရာပိုဗာ ဟာ သူမ ပထမဦးဆုံး ရင်သွေးလေး ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က သူမရဲ့ လူမှုကွန်ရက် အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့ပါတယ်။ 

Instagram 

ရှာရာပိုဗာဟာ ရုပ်ရည်ချောမောပြေပြစ်ပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်သလို ကောင် လေး တိုင်းရဲ့အသည်းကျော် ကောင်မလေး ဖြစ်ပါတယ်။ ရှာရာပိုဗာဟာ ၂၀၂၀ခုနှစ်မှာ တင်နစ်လောကကနေ အနားယူခဲ့ပြီး  ဂရင်းစလင်းချန်ပီယံ ငါးကြိမ်ဖြစ်ခဲ့သူဖြစ်ပါတယ်။ 

Instagram

ရှာရာဗိုဗာတစ်ယောက် ဒီအကြောင်းအရာလေးကို ၃၅ နှစ်ပြည့်မွေးနေ့မှာ အသိပေးခဲ့တာပဲဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာ ဗိုက်လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ရှာရာဗိုဗာ ကို တွေ့ရမှာပါ။ 

Instagram

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ရှာရာပိုဗာနဲ့ ဗြိတိန် စီးပွားရေးလုပ်ငန်းရှင် အလက်ဇန္ဒား ဂီလ်ကီးစ်တို့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ကြပါတယ်။ 

Google

တရားဝင်လက်ထက်ထားတဲ့ သတင်းတော့ ထွက်ရှိမလာသေးပါဘူး။ 

Instagram 

ရှာရာဗိုဗာ တစ်ယောက် ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းဟာ သူမ ပရိသတ်တွေကို အံ့သားသင့်စေပြီးကြေကွဲသွားစေပါတယ်။ ရှာရာဗိုဗာ ဟာ ရုရှားနိုင်ငံကိုယ်စားပြု တင်းနစ် ကစားသမား အဖြစ်ဝင်ပြိုင်ခဲ့ပေမယ့်လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ နေထိုင်နေပြီပဲဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။