စူးရှကြည်လင်တဲ့ ညှို့မျက်ဝန်းတစ်စုံ ၊ တောက်ပပြီး ကြည်လင်တဲ့ ခန့်ညားမှု ၊ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိနေသူတစ်ဦးကတော့ တောင်ကိုးရီးယား အနုပညာရှင် Jo Jung Suk ပါပဲ။


Jo Jung Suk ဟာ ရုပ်ရှင်ဇာတ်ကားများ နှင့် ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်ပိုင်နိုင်လွန်းတဲ့အတွက် ပရိတ်သတ်တွေရဲ့အားပေးမှုကို တစ်မဟုတ်ချင်း ရရှိလာခဲ့တာဖြစ်ပါတယ်။


တော်ရုံ ဇာတ်ကား ကို လက်ခံလေ့မရှိတဲ့ Jo Jung Suk ဟာ သိပ်မကြာခင်မှာ လေယာဥ်မှူးကာရိုက်တာနဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်ကို လက်ခံရိုက်ကူးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကာရိုက်ပေါင်းစုံနဲ့လိုက်ဖက်နေလွန်းတဲ့ ဦးတစ်ယောက် ဘယ်လိုတောင်မိမိုက်နေတော့မလဲဆိုတာကိုတော့အရမ်းရင်ခုန်နေပါပြီနော်။






"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။