ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်းမင်းသမီးတွေ ဖြစ်ကြတဲ့ Yaya နဲ့ Kimmy တို့က အရမ်းကို ချစ်ကြတဲ့ အခင်းဆုံးသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့(၂)ယောက်လုံးဟာ Half-Thai ကပြားမလေးတွေဖြစ်ကြပြီး Yaya ကတော့ထိုင်းမှာပဲကြီးပြင်းခဲ့တာဖြစ်ပြီး Kimmy ကတော့ငယ်ငယ်တုန်းက Germany မှာ နေခဲ့ပါတယ်။

Yaya နဲ့ Kimmy တို့ဟာ “4 Huajai Haeng Khon Kao” series မှာ ပါဝင်ပြီးနောက်မှာတော့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လာပါတယ်။ ကိစ္စတစ်ခုခုဖြစ်လာတိုင်း yaya ဟာ Kimmy ကို support လေ့ရှိပါတယ်။ သူတို့နှစ်ယောက် ခင်လာကြတာတော့ (၁၁)နှစ်ကျော်ရှိပါပြီ။

သူတို့(၂)ယောက်လုံး အချစ်စစ်ကို ရုပ်ရှင်ရိုက်တဲ့ နေရာကပဲတွေ့ရှိခဲ့ကြတာဖြစ်ပြီး Yaya ကတော့ relationship သက်တမ်း(၁၀)နှစ်ကျော်ရှိပြီး Kimmy ကတော့(၈)နှစ်ကျော်ရှိပါပြီ။ Yaya ရဲ့ ကောင်လေး Nadech နဲ့ Kimmy ရဲ့ ကောင်လေး Mark Prin အပြင် P'itthi ဆိုတဲ့ သူတို့ (၅) ယောက်က အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ BFF အဖွဲ့တွေပါ။ P'itthi ကတော့ Mark Prin တို့နဲ့ခရီးခနခနထွက်လေ့ရှိတဲ့ Mark Prin တို့ Bff တွေထဲကတစ်ယောက်ပါ။

အမြဲတမ်း သွားအတူ လာအတူ လုပ်လေ့ရှိတဲ့ သူတို့အဖွဲ့က အခုအားလပ်ရက် အချိန်လေးမှာလည်း Switzerland မှာ အဖွဲ့လိုက် Date နေကြပါတယ်။ အုပ်စုလိုက် ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့ အတူ “Once upon a dream. ?” ဆိုပြီး Mark Prink က သူရဲ့ Instagram Acc ကနေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိူး နိုင်ငံခြားမှာ အဖွဲ့လိုက် date ဖို့ဆိုတာ သူတို့ရဲ့ အရင်ကတည်းက စိတ်ကူးလေးထင်ပါတယ်။ အားလုံးပဲ Switzerland trip မှာ အသားကုန်ပျော်ခဲ့ကြပါလို့ …..







Source : MARK Prin Suparat Myanmar Fan Club
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။