အသက်၃၈ နှစ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား YouTuber Li Geun ဟာ တောင်ကိုရီးယား ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ် စတင်ချိန်မှာတော့ Li Geun က သူ့ရဲ့ ဆူပွတ်နေတဲ့သွေးတွေကို တားဆီးမရဘဲ တောင်ကိုရီးယား အစိုးရရဲ့ ဥပဒေတွေကို ဆန့်ကျင်ပြီး ယူကရိန်းမှာစစ်တိုက်ဖို့ ထွက်ခွါခဲ့ပါတယ်။ မကြာသေးမီက Li Geun ဟာ ယူကရိန်းနိုင်ငံမှာ စစ်တိုက်ရင်းသေဆုံးသွားပြီဆိုတဲ့သတင်းတွေ ထွက်လာခဲ့ပါတယ်။ 

Google
Google

သတင်းမီဒီယာတွေက Li Geun သေတဲ့အကြောင်း အပြိုင်ရေးနေကြပေမယ့် တကယ်တမ်းမှာတော့ Li Geun က မသေသေးဘူးလို့သိရပါတယ်။ မသေသေးဘဲ သေပြီလို့ သတင်းရေးနေကြသူတွေကို ဧပြီ လ ၁၅ ရက်နေ့က Li Geun ကအခုလိုပြောလာပါတယ်။ 

Google

“ကျုပ်အသက်ရှင်သေးတယ်။ “ ကျုပ်အဖွဲ့ဝင်တွေလည်း ဘေးကင်းလုံခြုံတဲ့နေရာမှာရှိနေတယ်။”  “သတင်းအမှားတွေ ထပ်မလွှင့်ကြပါနဲ့။ “”မစ်ရှင်မပြီးသ၍ ဘာမှလုပ်လို့မရဘူး။ “”ကျုပ်ကို မဆက်သွယ်ကြနဲ့။ “”နေ့တိုင်းတိုက်ခိုက်နေရလို့ မအားဘူး။ “ စတဲ့ သူအသက်ရှင်နေတာကြောင့် သတင်းအမှားတွေ မလွှင့်ဖို့ စာတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ခဲ့တယ်လို့ သိရပါတယ်။ 

Google

ယုံကြည်ရတဲ့ တောင်ကိုရီးယား သတင်းဌာနတွေရဲ့ အဆိုအရ လက်ရှိမှာ Li Gen တစ်ယောက် ယူကရိန်းနိုင်ငံမှာခက်ခဲပင်ပန်းစွာ တိုက်ပွဲနေရင်း ဆက်ပြီးတောင့်မခံနိုင်တော့တာကြောင့် အိမ်နီးချင်းနိုင်ငံ ပိုလန်နိုင်ငံမှာခိုလှုံမှုရယူဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ 

Google

သို့သော်လည်း တောင်ကိုရီးယားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို တရားဝင်သွားတာ မဟုတ်တာကြောင့် ပိုလန်နိုင်ငံကိုဝင်ဖို့ ဗီဇာ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။