Justic League ရဲ့ Flash ဇာတ်ကောင်နဲ့ Fantastic Beasts ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့ပြီး လောလောဆယ်တော့ ခဏခဏသောင်းကျန်းနေလို့ မီဒီယာတွေမှာပလူပျံနေတဲ့ သရုပ်ဆောင် Ezra Miller ဟာနောက်တစ်ခေါက်ဟာဝိုင်ရီမှာပဲ ထပ်အဖမ်းခံလိုက်ရပြန်ပါပြီ။ဒီတစ်ခါလည်း အမျိုးသမီးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတာပါ။

ဟာဝိုင်ရီကဘန်ဂလိုအိမ်တစ်ခုမှာ အင်္ဂါနေ့မနက်က ဟာဝိုင်ရီရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။သူဟာပိုင်နက်ကျူးလွန်မှုကျူးလွန်ခဲ့ပြီး အမျိုးသမီးတစ်ယောက်က သူ့ကိုထွက်သွားခိုင်းချိန် အရမ်းဒေါသထွက်သွားပြီး အဲ့ဒီ့အမျိုးသမီးကို ထိုင်ခုံနဲ့ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။နဖူးကိုထိသွားပြီး လက်မဝက်လောက်ကွဲသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဟာဝိုင်ယီမှာ Miller အဖမ်းခံရတာဒီတလောမှာပဲ နှစ်ခေါက်ရှိပါပြီ။ပြီးခဲ့တဲ့သုံးလေးပတ်လောက်ကလည်း ကာရာအိုကေဘားတစ်ခုမှာ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့လို့ အဖမ်းခံခဲ့ရပါသေးတယ်။အရင်တစ်ခေါက်အဖမ်းခံရတဲ့အကြောင်းကို အောက်ပါ link မှာအသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
သတင်းအရင်းမြစ်: ဟာဝိုင်ယီကဘားတစ်ခုမှာသောင်းကျန်းခဲ့လို့ အဖမ်းခံလိုက်ရတဲ့ Flash သရုပ်ဆောင် Ezra Miller
သူ့ရဲ့ဒီလိုလုပ်ရပ်တွေကြောင့် Warner Bros ကသူ့ကို Flash အဖြစ်သရုပ်မဆောင်ခိုင်းတော့ဘူးဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါသေးတယ်။သူ့ရဲ့ Flash solo ရုပ်ရှင်ကားကတော့ လာမဲ့နှစ်မှာထွက်ဖို့ စီစဥ်ထားပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။