တောင်ကိုရီးယားမင်းသား လီဂျွန်ကီဟာဆိုရင် အနုပညာလမ်းကြောင်း ထက်ပေါ်မှာ အချိန်ကာလ အတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ သူဖြစ်ပါတယ်။ ၂ နှစ်ကြာပျောက်ဆုံးပြီးတဲ့နောက်မှာ တောင်ကိုရီးယားမင်းသား လီဂျွန်ကီက "Again My Life" ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးရင်း အနုပညာလမ်းကြောင်းထက်ပေါ် ပြန်တတ်လာခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား လီဂျွန်ကီ ၂ နှစ်အတွင်း ပထမဦးဆုံး ရိုက်ကူးတဲ့ဇာတ်လမ်းဖြစ်တာကြောင့် အများကြီးမျှော်လင့်ထားပေမယ့်လည်း မမျှော်လင့်ထားတဲ့ ကိစ္စတစ်ရပ်ကြောင့် လီဂျွန်ကီတစ်ယောက် ရုပ်ရှင်ရုပ်ကူးရေးကို ခေတ္တရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

Google
Google

မမျှော်လင့်ထားတဲ့ ကံဆိုးတဲ့ အကြောင်းအရင်းကတော့ တောင်ကိုရီးယားမင်းသား လီဂျွန်ကီတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် positive ဖြစ်နေတာကြောင့်လို့ သိရပါတယ်။ Positive ဖြစ်နေတဲ့ ရလာဒ် ထွက်လာလာချင်းမှာ လီဂျွန်ကီတစ်ယောက် သီးသန့်ခွဲခြားနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

Google

တောင်ကိုရီးယား မင်းသား လီဂျွန်ကီ ကိုရိုနာဗိုင်းရပ်စ် Positive ဖြစ်နေတာကြောင့် “Again My Life” ရိုက်ကူးရေးကို ယာယီရပ်ဆိုင်းလိုက်ရပေမယ့် ထုတ်လွှင့်မယ့်ရက်အတိုင်း ပြသဖြစ်အောင့် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Google

Again My Life တောင်ကိုရီးယားဇာတ်လမ်းတွဲကို ဧပြီ ၁၅ ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ဖြစ်ပြီး စတင်ပြသချင်းမှာပဲ rating 8.1 % အထိ ရရှိခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။