တောင်ကိုရီးယားမင်းသား Kwon Sang Woo ဟာဆိုရင် သူချစ်ရတဲ့ သူလေးနဲ့ လက်ထပ်ထားခဲ့တာ အိမ်ထောင်သက် ၁၅ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာတော့ တောင်ကိုရီးယား မင်းသား Kwon Sang Woo က သူချစ်ရတဲ့ မိသားစုနဲ့ အမေရိကန်နိုင်ငံမှာနေထိုင်နေပြီပဲဖြစ်ပါတယ်။

Google

လက်ရှိမှာတောင်ကိုရီးယားမင်းသား Kwon Sang Woo က သူ့မိသားစုနဲ့ခွဲပြီး တောင်ကိုရီးယားနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးဖို့ ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

Instagram

မိသားစုနဲ့ ခွဲနေရတဲ့ အချိန်မှာ မင်းသား Kwon Sang Woo က သူ့ချစ်ဇနီးကို မမေ့မေလျာဘဲ သတိရနေတဲ့ အကြောင်းကို ၁၅ နှစ်ပြည့် နှစ်ပတ်လည် ဧပြီလ ၁၈ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ အခုလို ဖော်ပြပေးလာခဲ့ပါတယ်။

Google

 “တစ်ယောက်တည်းနေရတာ အဆင်ပြေလား မိန်းမရေ .. ကိုလည်း ရိုက်ကူးရေးကို မြန်မြန်အဆုံးသတ်ချင်ပါတယ်။ ရိုက်ကူးရေး နောက်တစ်ပတ်မှာ စပြီဆိုတော့ စိတ်သက်သာရာတော့ ရမိပါတယ်။ ကို မင်းကို လွမ်းတယ် .. Riho ကိုရော Rookie ကိုရော လွမ်းတယ် ချစ်တယ်နော် .. “

Kwon Sang Woo က သူ့ဇနီးသည်နဲ့ ကလေးတွေကို အိမ်ထောင်သက် ၁၅ နှစ်ပြည့်တဲ့ မင်္ဂလာနှစ်ပတ်လည် နေ့မှာ သတိရနေတဲ့ အကြောင်းကို လက်ရေးနဲ့စာလေးရေးပြီး  ဖော်ပြပေးလာတာဖြစ်ပါတယ်။

Instagram

Kwon Sang Woo က သူ့ရဲ့ ချစ်ဇနီးဖြစ်သူ Son Tae Young နဲ့ ၂၀၀၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့မှာ Rookhee နဲ့ Riho လို့ခေါ်တဲ့ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်ကိုလည်း  ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ် ။

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။