လူတစ်ယောက်အတွက် ဘယ်အချိန် အိမ်ထောင်ပြုတာ အကောင်းဆုံးလဲ?...
အိမ်ထောင်ပြုတယ်ဆိုတာ စောတိုင်းလည်းမကောင်းသလို အသက်အရမ်းကြီးမှ အိမ်ထောင်ပြုမယ်ဆိုရင်လည်း အဆင်မပြေမှုတွေရှိလာနိုင်ပါတယ်။ အချစ်တစ်ခုတည်းကို မူတည်ပြီး အိမ်ထောင်တစ်ခုကို
တည်ဆောက်လို့မရသလို ဇွတ်တိုးပြီး အချိန်မတန်သေးပဲ တည်ဆောက်တဲ့ အိမ်ထောင်တစ်ခုကလည်း သာယာနိုင်မှာမဟုတ်ပါဘူးနော်...

ဆိုတော့ တစ်ချိန်မှာ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့သူတွေ အတွက် ဒီတစ်ခေါက်မှာတော့ ဘယ်အချိန် အိမ်ထောင်ပြုရင် အကောင်းဆုံးလဲ ဆိုတဲ့ အကြောင်းအရာလေးကိုေ၀မျှပေးချင်ပါတယ်...
(၁) ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အချိန်
လက်ထပ်မယ်လို့ စဉ်းစားထားရင် ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီလို့ ခံစားရတဲ့အချိန်မှသာ လက်ထပ်တာ အကောင်းဆုံးပါ။ မိဘအပေါ်ပဲဖြစ်ဖြစ်တစ်စုံတစ်ယောက်ပေါ်
မှီခိုအားထားနေရတဲ့ အချိန်မျိုးမှာတော့ သူများအားကိုးနဲ့ လက်မထပ်တာအကောင်းဆုံးပါပဲ။

(၂) တစ်ယောက်အကြောင်းတစ်ယောက် အများကြီးသိလာတဲ့အချိန်
ချစ်သူရည်းစားဘ၀နဲ့ မိသားစုဘ၀ဆိုတာ မတူနိုင်တာတွေများပါတယ်။ ယူပြီးကာမှ "ငါကြိုက်ခဲ့တဲ့သူက ဒီလိုပုံစံမျိုးကြီးလား"ဆိုတဲ့ နောင်တမျိုးမရအောင် မယူခင်တည်းက တစ်ယောက်အကြောင်းတစ်ယောက်
အများကြီးသိအောင်ကြိုးစားပြီးလက်ခံနိုင်တယ်ဆိုမှ လက်ထပ်ဖို့ကို တွေးပါနော်။

(၃) အပူပင်ကင်းမဲ့ချိန်
ကိုယ့်မိသားစု မှာပဲဖြစ်ဖြစ် သူ့မိသားစုမှာပဲဖြစ်ဖြစ် အပူတွေများနေသေးတယ်၊ အခက်ခဲတွေရှိနေသေးတယ်ဆိုရင် ဒါတွေကို အရင်ဖြေရှင်းပြီးမှ လက်ထပ်ဖို့ကိုစဉ်းစားပါနော်။ တကယ်လို့ အဲ့လိုမှမစဉ်းစားပဲလက်ထပ်လိုက်မယ်
ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်အိမ်ထောင်ရေးကိုပါအပူတွေကူးစက်လာပြီး အိမ်ထောင်ရေးမသာမယာဖြစ်လာတတ်ပါတယ်။

(၄) ငွေကြေး အသင့်တင့်ပြည့်စုံချိန်
အိမ်ထောင်တစ်ခုကိုတည်ဆောက်တဲ့အချိန်မှာအချစ်၊ကြည်မှုနဲ့ သစ္စာတရားပြီးရင်အလိုအပ်ဆုံးက ငွေကြေးပါ။ အရမ်းမပြည့်စုံရင်တောင် လူတန်းစေ့လောက်တဲ့ငွေကြေးမျိုး ရှာနိုင်မှ စုဆောင်းထားနိုင်မှ
ငွေကြေးအသင့်အတင့်ရှိမှ အိမ်ထောင်ပြုဖို့စဉ်းစားတာ အကောင်းဆုံးပါပဲ။
(၅) အလုပ်မှာနေရာတစ်ခုအတည်တစ်ကျဖြစ်တဲ့အချိန်
ကိုယ်ကလက်ရှိမှာ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေးမှာပဲဖြစ်ဖြစ် junior အဆင့်ပဲရှိသေးရင်လက်ထပ်ဖို့ မစဉ်းစားတာအကောင်းဆုံးပါပဲ။ အမြဲအခက်ခဲတွေနဲ့ လောကဓံရဲ့ အထုထောင်းခံရတဲ့ဘ၀မျိုးမှာအိမ်ထောင်ပြုလိုက်မိရင် မိန်းကလေးဆိုရင်တော့ပြဿနာမရှိပေမယ့် မိန်းမနဲ့ မိသားစုကိုရှာကျွေးဖို့ တာ၀န်ရှိတဲ့ အမျိုးသားတွေကတော့ ပူလောင်ပြီးရင်ပူလောင်ဖြစ်နေပါလိမ့်မယ်နော်...

ကဲ အခုပြောပြတဲ့ အချက်လေးတွေကို သေချာတွေးကြည့်ပြီးမှ သာယာတဲ့အိမ်ထောင်တစ်ခုကိုဖန်တီးဖို့တွေးကြပါနော်...
Source From Relationship tips
Photos credit from google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။