ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်ကိုပေးအပ်ချီးမြှောက်ထားတဲ့လူမှုထူးချွန်တံဆိပ်ကိုပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်းဒီကနေ့ထွက်ရှိလာတဲ့သတင်းစာကနေထုတ်ပြန်ကြေညာထားတာကိုတွေ့ရှိရပါတယ်။ 

သရုပ်ဆောင်ခိုင်သင်းကြည်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စကစ) ကလူမှုထူးချွန်ဆုတံဆိပ်(ဒုတိယအဆင့်) ကိုပေးအပ်ခဲ့တာဖြစ်ပြီးဒီကနေ့ဧပြီလ၁၇ရက်နေ့မှာပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

မခိုင်လေး's facebook
မခိုင်လေး's facebook
မခိုင်လေး's facebook

သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့လူမှုထူးချွန်ဆုတံဆိပ်(ဒုတိယအဆင့်) ကို၂၀၀၉ခုနှစ်ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ဂုဏ်ထူးဆောင်တံဆိပ်တွေဆိုင်ရာပြဌာန်းချက်အပိုဒ်၆၇နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၁၉တွေအရပြန်လည်ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။