ဝက်သားဆိုရင် သိပ်ကြိုက်တဲ့သူတွေရှိကြလား?... အထူးသဖြင့်မြန်မာလူမျိုးတွေရဲ့ " အသားမှာဝက်" ဆိုတဲ့ရှေးစကားအတိုင်း အသားလို့ပြောလိုက်ရင် ဝက်သားဟာအရသာအရှိဆုံးလို့ လူတိုင်းက သတ်မှတ်ထားပြီးသားပါနော်... ဆိုတော့ ဒီနေ့မှာ သိပ်ကိုထမင်းမြိန်စေမယ့် ကြက်သားနီဥများများလေးနဲ့ ဝက်အချိုချက် နည်းလေးကို ပြောပြပေးသွားပါမယ်နော်... အရမ်းအရသာရှိပြီးစားလို့ကောင်းတဲ့အိမ်ချက်နည်းလေးမလို့ အားလုံးပဲ အတူတူလိုက်ချက်စားကြည့်ကြဉီးနော်....

ပါဝင်ပစ္စည်းများ....

_ ဝက်သား(အဆီကြိုက်ရင်အဆီအသားဝယ်ပြီး အဆီမကြိုက်ရင်တော့အသားချည်းပဲရွေးဝယ်လည်းရပါတယ်နော်)

_ ကြက်သွန်ဥအနီအသေးလေး၊ တရုတ်နံနံ တစ်စည်း၊ ကြက်သွန်ဖြူ၊ ဂျင်း

_ အရသာမှုန့်၊ နနွင်း၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်

ပြုလုပ်ပုံအဆင့်ဆင့်...

(၁) ကြက်သွန်ဖြူ၊ကြက်သွန်နီ နဲ့ဂျင်းများကို နုတ်နုတ်ပါအောင်စဉ်းထားပါ။

(၂) ကြက်သွန်နီဥသေးလေးများကို ရေနွေးပွက်ပွက်ဆူတဲ့ ထဲမှာ ထည့်ပြုတ်ထားပါ။

(၃) ဝက်သားများကို သန့်အောင်ဆေးကြောပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ဂျင်း၊နနွင်းများနဲ့ ရောနယ်ပြီးအရသာမှုန့်ထည့်ကာ ခဏနှပ်ထားပါ။

(၄) ဆီအိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး နှပ်ထားသောဝက်သားများကို ထည့်ကာ ရေကို ဝက်သားများမြုပ်လောက်သည်အထိထည့်ပြီး အဖုံးအုပ်ထားပါ။

(၅) ဝက်သားများအနည်းငယ်နူးလာတဲ့အခါ အရသာမှုန့်အနည်းငယ်၊ ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက်များကို ထည့်ပြီး နည်းနည်းထပ်ပြီးနူးမြန်အောင်ရေထပ်ထည့်ပါ။ ရေထည့်တဲ့အခါ အပေါ်ကပြုတ်ထားတဲ့ကြက်သွန်အိုးထဲက ရေကိုသုံးပါ။ ဒါမှလည်းကြက်သွန်ရဲ့အချိုကိုခံစားမိမှာဖြစ်ပါတယ်။

(၆) ဝက်သားများနူးအိလာတဲ့အခါ နူးအောင်ပြုတ်ထားတဲ့ကြက်သွန်နီဥ အိအိလေးတွေနဲ့ရောလိုက်ပါ...ပြီးရင်အပေါ်ကနေ တရုတ်နံနံပင်များကို အုပ်လိုက်ပါ။

အခုဆိုရင်တော့သိပ်ကိုအရသာရှိပြီး ထမင်းမြိန်စေမယ့် ဝက်သားအချိုချက်ဟင်းလေးကိုရရှိပါပြီရှင်...

အရမ်းလွယ်ပြီးစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြပါဉီးနော်...

Source from own creation photos credit from google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။