မန်နေဂျာ မပါတာကြောင့် Binjin စုံတွဲလေးက သူတို့ရဲ့ ဟန်းနီးမွန်း ခရီးစဉ်မှာ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကြုံလာတယ်လို့ သိရပါတယ်။ 

SPOTV

Binjin စုံတွဲက သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကို အချိန် ၁၁ ရက်သာ ကုန်ဆုံးကြမှာ ဖြစ်ပါတယ်။ မန်နေဂျာ အကူအညီမပါဘဲ ကိုယ့်ဘာသာရပ်တည်ကာ တူနှစ်ကိုယ် ခရီးထွက်ခဲ့ကြတဲ့ Binjin စုံတွဲဟာ တစ်ယောက်ကိုယ်တစ်ယောက်ဂရုစိုက်ပြီး ခရီးထွက်ခဲ့ကြရတာဖြစ်ပါတယ်။ 

ဒါပေမယ့် မန်နေဂျာမပါတဲ့ ပြဿနာက သူတို့နှစ်ဦး ကြုံတွေ့ရတဲ့ တစ်ခုတည်းသော ပြဿနာမဟုတ်ပါဘူး။SPOTV သတင်းဌာန ရဲ့ အဆိုအရ Binjin စုံတွဲက လေဆိပ်အဝင်ကို ရောက်တဲ့အချိန်မှာ လာကြိုမယ့်သူတွေကိုဆက်သွယ်မရတာတာကြောင့် လာခေါ်တဲ့ အချိန်အထိ စောင့်နေခဲ့ရတယ်လို့ သိရပါတယ်။ 

SPOTV

လာကြိုမယ့် သူ ရောက်မလာတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး Son Ye Jin က သူမရဲ့ ခံစားချက်ကို အခုလို ပြောလာခဲ့ပါတယ်။ 

“ကျွန်မတို့ကို လာကြိုမယ့်သူတွေ ရောက်မလာခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့ တက္ကစီ စီးဖို့ လုပ်ခဲ့ရတယ်” 

SPOTV

လာကြိုမယ့် သူရောက်မလာတာကြောင့် စိုးရိမ်စိတ်ဖြစ်နေတဲ့ ဇနီးသည်ဖြစ်သူ စိတ်သက်သာရရစေဖို့ Hyun Bin က ဖုန်းတွေ အဆက်မပျက်ခေါ်နေခဲ့ပါတယ်။  Hyun Bin ဖုန်းတွေဆက်ပြီးတဲ့နောက်မှာ နာမည်ကြီး စုံတွဲကိုလာကြိုဖို့ ကားတစ်စီးရောက်လာခဲ့ပါတယ်လို့ သိရပါတယ်။ 

SPOTV

မန်နေဂျာမပါတဲ့ ခရီးစဉ်ဖြစ်တာကြောင့် Binjin စုံတွဲက အစစအရာရာ ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ဆောင်ခဲ့ရပြီး  ကား ကြို လာခေါ်တဲ့အချိန်မှာလည်း ခရီးဆောင်အိတ်တွေကို ကိုယ်တိုင်ထည့်ခဲ့ကြရပါတယ်။ 

SPOTV

ခရီးဆောင်အိတ်တွေကို မနားတမ်း ကိုယ်တိုင် ကိုယ်ကျ မ သယ်ပြီးတဲ့နောက်မှာတော့ ချစ်ဇနီးလောင်းလေး Son Ye Jin က ချစ်ခင်ပွန်း Hyun Bin ဆီကို ရေဘူးကလေး ကမ်းပေးခဲ့ပါတယ်။ 

SPOTV

ချစ်စရာကောင်းတဲ့ ကြင်စဦးမောင်နှံလေးက အကုန်လုံး ကိုယ့်လက်ကိုယ့်ခြေနဲ့ ဆောင်ရွက်နေတာကြောင့် မြင်ရသူတွေအဖို့ ပကာသနမဖက်တဲ့ သာမန်စုံတွဲလေးလို ဖြစ်နေပါတယ်။ ချစ်စရာကောင်းတဲ့ Binjin စုံတွဲလေးရဲ့ ဟန်းနီးမွန်း အဖြစ်အပျက်လေးကို ရင်ခုန်စိတ်လှုပ်ရှားစွာ တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။