ဒေးဗစ်ဘက်ခမ်းရဲ့ သားအကြီးဆုံးဖြစ်တဲ့ Brooklyn Beckham ဟာဆိုရင် မကြာသေးမီက မင်းသမီး Nicola Peltz နဲ့ အိမ်ထောင်ပြုသွားပြီပဲဖြစ်ပါတယ်။ 

Google

လက်ထပ်သွားချိန်မှာ Nicola Peltz က ၂၇ နှစ်ရှိပြီဖြစ်ပြီး ၊ Nicola Peltz က ၂၇နှစ်ရှိပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကို ဖလော်ရီဒါပြည် Palm Beach မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Google

ဒီမင်္ဂလာပွဲက ဘက်ခမ်းရဲ့ ကလေး ၄ ယောက်ထဲမှာ ပထမဦးဆုံးစျေးဦးပေါက်တဲ့မင်္ဂလာပွဲ ဖြစ်ပါတယ်။ 

“ဖေဖေ့ရဲ့ ချောမောလှပတဲ့ ကောင်လေး .. အဖေအရမ်း ဂုဏ်ယူရတယ်။ အဖေတို့ သားဘက်မှာ အမြဲရှိနေမယ်။” လို့ ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပေးထားပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းကလည်း ဂုဏ်ယူပါတယ် မစ္စတာ နဲ့ မစ္စ ဘက်ခမ်းတို့ရေ ဘက်ခမ်း မိသားစုကနေ ကြိုဆိုပါတယ်။လို့ သူ့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဝေမျှပေးထားပါတယ်။ “

Google

“စိတ်လှုပ်ရှား စရာအကောင်းဆုံး သတင်းပါ။ Brooklyn Beckham နဲ့  Nicola တို့ လက်ထပ်သွားတာ ဝမ်းမမြောက်စရာ အကြောင်းမရှိပါဘူး “ လို့လည်း Brooklyn ရဲ့မိခင် ဗစ်တိုးရီးယား ဘက်ခမ်းက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးထားပါတယ်။ 

Google

ညစာစားပွဲမှာလည်း ဒေးဗစ်ဘက်ခမ်းကိုယ်တိုင်က သားဖြစ်သူအတွက် မင်္ဂလာ စကားလေး မန့်ခွန်းပြောပေးခဲ့ပါတယ်။ 

Google

မိသားစုဝင်တစ်ယောက်တိုးလာလို့ ပျော်ရွှင်နေတဲ့ ဘက်ခမ်းတို့ မိသားစုအကြောင်းကို ချစ်စရာကောင်းဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။