တောင်ကိုရီးယား နာမည်ကျော် စုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့ရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။ 

Google

BinJin ကြင်စဦးမောင်နှံ နှစ်ဦးက ပျော်ရွှင်ဖွယ်ရာ ပျားရည်စမ်း ခရီးစဉ်အတွက် ယမန်နေ့က လော့စ်အိန်ဂျလိကိုရောက်ခဲ့တာ ဖြစ်ပါတယ် ။ လေဆိပ်မှာ သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ 

Google

Hyun Bin က မီဒီယာတွေရဲ့ အာရုံစိုက်မှု မလိုချင်တာကြောင့် သူ့ရဲ့ ကောင်မလေး Son Ye Jin ကို အတတ်နိုင်ဆုံးကာကွယ်ပြီး သတိထား ပြုမူနေခဲ့တာ ကို ထွက်ရှိလာတဲ့ ဓာတ်ပုံတွေက သက်သေပြလို့နေပါတယ်။ 

Google

Hyun Bin ရဲ့ လုပ်ဆောင်ချက်လေးတွေက သေးသေးပေမယ့် ပရိသတ်တွေကို အားကျသွားအောင် လုပ်လိုက်နိုင်ပါတယ်။ ဓာတ်ပုံလေးထဲမှာ Hyun Bin က သူ့ဇနီးသည်လေးကို ဓာတ်ပုံလာရိုက်တဲ့သူတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေတာကို တွေ့ရမှာပါ။ 

Google
Google

အများကြီး ရိုမန့်တစ် ဆန်ဆန် မလုပ်ပြပေမယ့် သေးသေးလေးက အစ ဂရုစိုက်ပေးပြီး အရိပ်တကြည့်ကြည့် စောင့်ကြည့်ပေးတတ်တဲ့ Hyun Bin ရဲ့ အပြုအမူတွေကို ပရိသတ်တွေက များစွာ ချီးကျူးနေကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။