ဘောလိဝုဒ် နာမည်ကျော်စုံတွဲတွေရဲ့ မင်္ဂလာဖိတ်စာတွေဟာ ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ မင်္ဂလာ ဖိတ်စာလေးတွေဖြစ်ပါတယ်။ ဘောလိဝုဒ်အကျော်အမော်တွေက ချစ်ခြင်းမေတ္တာကို အဓိက ထားကြပြီး ပကာသနအရမ်း မဖက်ကြတဲ့သူတွေမို့လို့ သူတို့တွေရဲ့ မင်္ဂလာ ဖိတ်စာတွေက ရိုးရှင်းသလောက် လှပလွန်းပါတယ်။ 

Credit to Original Uploader 

ဒီဖိတ်စာလေးက ၂၀၁၇ ခုနှစ် က အနွရှ်ကားနဲ့ ဗီရသ် တို့ အီတလီမှာ မင်္ဂလာဆောင်ခဲ့တဲ့ ဖိတ်စားလေးဖြစ်ပါတယ်။ဖိတ်စာနဲ့အတူတူ ပန်းအိုးလေးပါပါတာကြောင့် တော်တော်လေးလှပါတယ်။ 

Credit to Original Uploader 

ဒါလေးက ၂၀၂၁ အိန္ဒိယ ရာဂျစ်စတန်မှာ မဂ်လာဆောင်တဲ့ ကသ်ရီနားနဲ့ ဗစ်ကီရဲ့မဂ်လာဆောင်ဖိတ်စာလေးဖြစ်ပါတယ်။ ဖိတ်စာလေးပေါ်မှာ ရိုးရိုးရှင်းရှင်း ရာဂျစ်စတန် ရိုးရာကာတွန်းရုပ်လေးတွေဆွဲထားပါတယ်။ 

Credit to Original Uploader 

ဒါလေးက ၂၀၁၈ ခုနှစ်က အိန္ဒိယ မှာ မင်္ဂလာဆောင်ထားတဲ့ ဆိုနမ်ကပူး နဲ့ အနန်းတို့ရဲ့ ရိုးရိုးရှင်းရှင်း

စိမ်းပြာရောင်ခြယ် မင်္ဂလာဖိတ်စာ ဒီဇိုင်းလေးဖြစ်ပါတယ်။ 

Credit to Original Uploader 

ဒါလေးက အီတလီနဲ့ အိနိယမှာ ၂၀၁၈ က မင်္ဂလာဆောင်တဲ့ ဒီပီကားနဲ့ ရန်ဗီးဆင်း မင်္ဂလာဖိတ်စာဖြစ်ပါတယ်။  သူလည်း ဝမ်းကာလာနဲ့ ရိုးရိုးရှင်းရှင်း ပုံစံလေးဖြစ်ပါတယ်။ 

Credit to Original Uploader 

Source - Bollywood Update News Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။