ငယ်ဘဝ ကို ပိုင်ဆိုင်ခဲ့ကြသူတိုင်း ကတုံးပြောင်ပြောင်လေးနဲ့ ကာတွန်း သန့်စင်ရဲ့ (ဘဲဥ) ကာတွန်းလေးကိုသေချာပေါက်သိကြမှာပါ။ 

Photo credit to original uploader
Photo credit to original uploader

သန့်စင်ရဲ့ ဘဲဥ ကာတွန်းလေးတွေက ချစ်ဖို့ အရမ်းကောင်းပြီး ကလေးတိုင်း ကြိုက်နှစ်သက်တာကြောင့် ငယ်ဘဝမှာ ကာတွန်းဖတ်ရတာ ကြိုက်တဲ့သူတွေတော့ သေချာပေါက်ကို မှတ်မိကြမှာပါ။ 

Photo credit to original uploader

ကတုံးပြောင်ပြောင်နဲ့ ဘဲဥကာတွန်း ဇာတ်ကောင် လေးကို အမှတ်တရရှိနေပေမယ့်  ဘဲဥ ကာတွန်းရဲ့ ပိုင်ရှင်ကာတွန်း သန့်စင်ကိုတော့ တော်တော်များများ သိကြဦးမှာ မဟုတ်ပါဘူး။ 

Photo credit to original uploader
Photo credit to original uploader

ကာတွန်း သန့်စင်ဟာ ဒီကနေ့ ၁၂ ရက် ၊ ၄ လ ၊ ၂၀၂၂ ခုနှစ် အင်္ဂါနေ့ ၊ နံနက် ၁၀ နာရီကျော်အချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ 

Photo credit to original uploader

အမြဲအမှတ်တရရှိနေမယ့် ကာတွန်း ဇာတ်ကောင်လေးရဲ့ ပဲ့ကိုင်ရှင် သန့်စင် ကွယ်လွန်သွားခဲ့ရတဲ့အတွက် နှမြောမိပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။