မကြာသေးမီက လက်ထပ်ပွဲ ဆင်နွှဲထားကြတဲ့ တောင်ကိုးရီးယား အနုပညာရှင် စုံတွဲ  Binjin တို့ ရဲ့ ဟန်းနီးမွန်းခရီးစဉ်လေးဟာ ပရိသတ်တွေကြားမှာ အာရုံစိုက်မှု မြင့်တတ်လျက်ရှိပါတယ်။ 

Google

Binjin စုံတွဲက တောင်ကိုရီးယားအထွက် လေဆိပ်အဝင်မှာရော အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိ မြို့ကို ရောက်တဲ့အချိန်မှာရော နှစ်ဦးအတူတူမသွားဘဲ တစ်ယောက်ချင်းဆီ ခွဲပြီးသွားခဲ့ကြတာပါ။ စစချင်းမှာ ပရိသတ်တွေအနေနဲ့လည်း ကြင်စဦးမောင်နှံက ဘာလို့ ဒီလိုမျိုး ခွဲပြီး သွားရတာလဲဆိုတဲ့ မေးခွန်းတွေ ရှိခဲ့ကြပါတယ်။ 

Google

အခုအချိန်မှာတော့မေးခွန်းရဲ့ အဖြေလေး ထွက်ရှိလာပါပြီ။ မေးခွန်းရဲ့ အဖြေလေးက Binjin စုံတွဲလေးက မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုမခံချင်တာကြောင့်လို့ သိရပါတယ်။ 

Google
Google

နာမည်ကြီး တိုင်းသိပြည်သိ စုံတွဲလေးပေမယ့် နာမည်ကြီးစုံတွဲဆိုတဲ့ အာရုံစိုက်မှုကို မခံယူချင်တာရယ် နှစ်ယောက်ကြားရဲ့ ချစ်ခြင်းတွေကို လူသိရှင်ကြား ထုတ်မပြတတ်တာကြောင့် ဒီတိုင်း အာရုံစိုက်မှု နည်းအောင် လုပ်ခဲ့ကြတာလို့ သိရပါတယ်။ 

ချစ်ဖို့ကောင်းတဲ့ Binjin စုံတွဲလေးရယ် ဟန်းနီးမွန်း ခရီးစဉ် လော့စ်အိန်ဂျလိ အဝင် ဗီဒီယိုလေးကို အောက်မှာ ဝေမျှပေးထားပါတယ်။ 

Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။