တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင်စုံတွဲလေးဖြစ်တဲ့ Binjin စုံတွဲလေးက မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကြင်စဦး စုံတွဲလေးက ဟန်းနီးမွန်းတောင် ထွက်သွားကြပါပြီ။ ကြင်စဦးစုံတွဲ Binjin တို့ရဲ့ မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့လာခဲ့ပါတယ်။ 

Google

Binjin စုံတွဲလေးရဲ့ ပျားရည်ဆမ်းခရီးစဉ်လေးက အမေရိကန်နိုင်ငံ၊ လောစ်အိန်ဂျလိစ် မြို့ခရီးစဉ်လေး ဖြစ်တယ်လို့သိရပါတယ်။ 

Google

Binjin စုံတွဲလေးက ဟိုတယ်ကို နှစ်ဦးအတူ ရောက်ရှိလာကြတာမဟုတ်ဘဲ တစ်ဦးစီ ခွဲပြီးရောက်လာကြတာ ဖြစ်ပါတယ်။ 

Google

ဗီဒီယိုထဲမှာ Hyun Bin ကအရင်အဖြူရောင်အင်္ကျီလေးနဲ့ အရှေ့ကနေ ကြိုပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 

YouTube 

Son Ye Jin က Hyun Bin နောက်မှရောက်လာတာဖြစ်ပြီး နှစ်ဦးအတူတူတွဲပြီး မလာတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။  

Google 
Google

နှစ်ဦးစလုံးက အဖြူရောင်အပေါ်ပိုင်း ဝတ်စုံလေး ဝတ်ဆင်ထားပြီး သန့်ပြန့် ကော့ကြော့ နေကြတာကို ဗီဒီယိုထဲမှာအတိုင်းသားတွေ့ရပါတယ်။ 

BinJin စုံတွဲ လေဆိပ်အတွင်းထဲမှာ အတူတူတွဲသွားကြတဲ့ ဗီဒီယိုလေးလည်း ထွက်လာခဲ့ပါတယ်။ BinJin စုံတွဲလေးက လေဆိပ်အဝင်ဝအထိကို  ခွဲပြီး တစ်ယောက်စီ လာခဲ့ကြပေမယ့် လေဆိပ်ထဲမှာတော့ တူနှစ်ကိုယ် တွဲပြီးသွားကြတာပါ။ 

YouTube 

နှစ်ဦးသားက သိက္ခာရှိရှိအမြင် မရိုင်းစေဘဲ ပရိသတ်အမြင်မှာ ယဉ်ယဉ်လေး ဖြစ်စေဖို့ ဂရုစိုက်ထားကြပုံရပါတယ။ ချစ်စရာကောင်းပြီး တည်ငြိမ်အေးချမ်းလှတဲ့ BinJin စုံတွဲလေးရဲ့ ဟန်းနီးမွန်း ဗီဒီယိုဖိုင်လေးတွေကို အားလုံးပဲကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ 

Google

Source - YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။