ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ဟာဆိုရင် မကြာသေးမီကမှ ၅၀၅ က နဲ့ ဖမ်းဆီးခံရခဲ့ပြီးပြန်လည် လွတ်မြောက်လာတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ 

Paing Takhon’s Facebook 

သရုပ်ဆောင် ပိုင်တံခွန် အကျဉ်းထောင်ထဲကနေ ပြန်လွတ်မြောက်လာချင်း အချိန်မှာလည်း ပရိသတ်တွေအားလုံးနဲ့ အခြား အနုပညာရှင်တွေအားလုံး က ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ် ။ 

Paing Takhon’s Facebook 

မကြာသေးမီက လည်း ပိုင်တွခွန် တစ်ယောက် သူ့ရဲ့ တူလေး လမင်းတံခွန် ရဲ့ မွေးနေ့မှာ လိုချင်တဲ့ ပစ္စည်းလေးတွေအကုန်လုံး ဝယ်ပေးဖြစ်ခဲ့တဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဝေမျှပေးလာခဲ့ပါတယ်။ 

Paing Takhon’s Facebook 

တူလေးအတွက် မွေးနေ့လက်ဆောင်တွေ အများကြီး ဝယ်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို ပိုင်တံခွန်မှ သူ့ရဲ့ လူမှုကွန်ရက် စတိုရီလေးမှာ “လိုချင်တာတွေဝယ်ပေး” ဆိုတဲ့ စာသားလေးနဲ့ ဧပြီလ ၉ ရက်နေ့ တူလေး မွေးနေ့မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။ 

Photo credit

ရုပ်ရည်ချောမောပြီး သဘောကောင်းတဲ့အပြင် ချစ်တတ်ပြီး ရက်ရောတဲ့ ဦးလေးဖြစ်သူကိုပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ရဲ့ တူလေးကတော့ လုံးဝကို ကံကောင်းတာပဲနော်။ 

Paing Takhon’s Facebook 
Paing Takhon’s Facebook 

ချစ်စရာ တူဝရီးလေး နှစ်ယောက်အကြောင်းကို ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။