ရယ်လိုက်ရင် အပြုံးချိုချိုလေးနဲ့ ရင်ထဲကိုအေးမြသွားစေတဲ့ ပြည်သူချစ် မင်းသားလေး ဟိန်းထက် ဟာဆိုရင်အစာမစား ရေမသောက်ဘဲ ၇ နာရီတိတိ နေထိုင်ကာ လိုချင်တဲ့ဆုတောင်းတွေ ပြည့်ဖို့ အဓိဌာန်ပြုခဲ့တယ်လို့ သိရပါတယ်။

Hein Htet’s Facebook 

သရုပ်ဆောင် ဟိန်းထက်က နေ့လည် ၁၂ နာရီကနေ ည ၇ နာရီအထိ တစ်နေကုန် အစား မစား ရေးမသောက်ဘဲအဓိဌာန် ပြုခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုလို ရေးတင်လာခဲ့ပါတယ်။ 

Hein Htet’s Facebook

“အကျွန်ုပ်သည် ​​​နေ့လည် ၁၂နာရီမှ ည ၇နာရီထိ အစာမစား ရေမသောက်ပဲ စားသောက်ချင်စိတ်လောဘ ကို ၇နာရီတိတိ ထိန်းချုပ်သည်းခံ၍ သတိနဲ့နေခဲ့ပါတယ်။

ဤမှန်ကန်သောသစ္စာစကားကြောင့် 

-ဓမ္မမြတ်နိုးသူတွေ အောင်မြင်ပါစေ။

-အဓမ္မမြတ်နိုးသူတွေ ဓမ္မမြတ်နိုးပါစေ။

-သတ္တဝါအားလုံးအေးချမ်းပါစေ။

-မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။”

Hein Htet’s Facebook

သရုပ်ဆောင် ဟိန်းထက်က အခုလို အဓိဌာန်ပြု ဆုတောင်း ပြုလုပ်နေခဲ့တာ ၂ ရက်တိတိ ရှိသွားပြီလို့ သိရပြီးနောက်ထက်လည်း လက်ဆက် ကြိုးစားသွားမယ်လို့ သိရပါတယ်။ 

Hein Htet’s Facebook
Hein Htet’s Facebook

ပြည်သူချစ်မင်းသားလေး ဟိန်းထက်တစ်ယောက် သူ့ ရဲ့ အဓိဌာန်အတိုင်း ပြည့်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။