မြန်မာ့ဇာတ်သဘင်လောကမှာ နာမည်ကျော်တဲ့ ဇာတ်မင်းသား ဟန်ဇာမိုးဝင်ဟာဆိုရင် သူကိုယ်တိုင် တစ်ထောင့်တစ်နေရာကနေ ဦးစီးဖျော်ဖြေနေတဲ့ မဟာရန်ကုန် စံပြသဘင်ကြီးကို ရပ်နားလိုက်တော့မှာဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

Photo credit 
Photo credit

မဟာရန်ကုန်စံပြ သဘင်ကြီးကို နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးမိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်းတို့က ဦးဆောင် ဖျော်ဖြေတင်ဆက်ပေးနေတာဖြစ်ပြီး တင်ဆက်ပြသ ပုံကောင်းလွန်းလို့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ ဇာတ်သဘင်ကြီးဖြစ်ပါတယ်။ 

Photo credit
Photo credit

 အခုလို ဟန်ဇာမိုးဝင်းရဲ့ မဟာ ရန်ကုန်စံပြသဘင်ကြီးကို ရပ်နားတော့မယ်ဆိုတဲ့ အသိပေးချက် ကြောင့် ဇာတ်သဘင် ဝါသနာပါတဲ့ ပရိသတ်တွေအနေနဲ့ များစွာ စိတ်မကောင်း ဝမ်းနည်းနေကြပါတယ်။ 

Photo credit

မဟာရန်ကုန် စံပြဇာတ်သဘင်ကြီးကို ၁၉၃၃ ခုနှစ်တရက ဟန်ဇာမိုးဝင်းရဲ့ အဖိုးဖြစ်သူ စိန်မာဒင်က “ မဟာရန်ကုန်စံပြသဘင် စိန်မာဒင်” အမည်ဖြင့်  စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။