တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် စုံတွဲလေးဖြစ်တဲ့ ပတ်ရှင်ဟေးနဲ့ချွဲတေဂျွန်းတို့ဟာ ၂၀၂၂ခုနှစ်ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက လက်ထပ်ခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ လက်ထပ်ပြီးနောက်မှာလည်း သူတို့ နှစ်ဦး က ပျော်ပျော်ရွှင်ရွှင် ဟန်းနီးမွန်းလေးတွေ ထွက်ပြီး သာမန်စုံတွဲလေးတွေလိုမျိုး ချစ်ကြည်နူးစရာ တစ်တီတူးလေးတွေ လုပ်ခဲ့ကြပါတယ်။ 

Google

လက်ထက်ပြီးနောက်မှာ သူတို့ စုံတွဲနှစ်ဦးက အချိန်အတော်အတန်ကြာ အနုပညာလှုပ်ရှားမှုတွေ မလုပ်သေးပါဘူး။ဧပြီလ ၈ ရက်နေ့မှာ ထုတ်လွှတ်ပြသခဲ့တဲ့ Sixth Sense 3 အစီအစဉ်မှာ မင်းသားချွဲတေဂျွန်း ပါဝင်လာခဲ့ပါတယ်။ 

Kbizoom

လက်ထပ်ပြီးနောက် ပထမဦးဆုံးအကြိမ် ရုပ်သံအစီအစဉ်မှာ ပါဝင်လာတာကြောင့် Sixth Sense 3 အဖွဲ့သားတွေက ချွဲတေဂျွန်း ကို လက်ထပ်တဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဂုဏ်ပြုပေးခဲ့ကြပါတယ်။  

Kbizoom

အစီအစဉ်ထဲမှာ ကင်တေဂျွန်းက ကျွန်တော်က ပြည်သူ့အချစ်တော် မင်းသမီးလေး ပတ်ရှင်ဟေးကို လက်ထပ်ခဲ့မိလို့ တိုင်းပြည်သစ္စာဖောက်တစ်ယောက်လို ဖြစ်ခဲ့မိပြီ လို့ ပြောခဲ့ပါတယ်။ 

Google
Google

ကင်တေဂျွန်းရဲ့ ပြောစကားကို ပရိသတ်တွေက သဘောကျနှစ်သတ်ခဲ့ပြီး ကင်တေးဂျွန်တစ်ယောက် ပတ်ရှင်ဟေးကို တော်တော်ချစ်တာပဲလို့ ဆိုထားကြပါတယ်။ 

Source - kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။