ဒေါက်တာငွေတီဦးဟာဆိုရင် ရုပ်ရှင် သရုပ်ဆောင် ပြေတီဦးရဲ့ ညီမအရင်းဖြစ်ပါတယ်။ သူမဟာ သူ့အစ်ကိုဖြစ်သူပြေတီဦးကို အရမ်းချစ်တဲ့သူဖြစ်ပြီး ပြေတီဦးကလည်း ညီမ ဖြစ်သူ ငွေတီဦးကို အရမ်းချစ်တာဖြစ်ပါတယ်။ 

Ngwe Ou’s FaceBook
Ngwe Ou’s FaceBook

ဒေါက်တာ ငွေတီဦးဟာဆိုရင် သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖခင်ဖြစ်သူကို တစ်ပြိုင်နက်တည်းဆုံးရှုံးခဲ့ဖူးတဲ့အပြင်အစ်ကို ဖြစ်သူကလည်း အကျဉ်းချ ခံခဲ့ရတာကြောင့် လောကဓံရိုက်ခက်မှုဒဏ်ကို တော်တော်လေး ကြုံတွေ့ခံစားခဲ့ရဖူးသူ ဖြစ်ပါတယ်။ 

Ngwe Ou’s FaceBook

သူမရဲ့ ဖခင်ဖြစ်သူ ဆုံးပါသွားတာ ၇ လပြည့်နေ့လေးမှာ အစ်ကိုဖြစ်သူလွတ်မြောက်လာတာကြောင့်လည်း ငွေတီဦးတစ်ယောက် ပျော်ရမလို ငိုရမလို ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Ngwe Ou’s FaceBook

ဒီကနေ့မှာတော့ ငွေတီဦးက သူမ မိခင်ကြီး စပါယ်ပန်းလေးတွေနဲ့ လှပတဲ့ ပုံရိပ်လေးတွေကို ဝေမျှလာခဲ့ပါတယ်။ 

Ngwe Ou’s FaceBook

“မနက်မိုးလင်းရင် ဘုရားတင်ဖို့ ပန်းတွေခူးတတ်တဲ့ ကျွန်မရဲ့ မေမေ..

စံပယ်ပန်းတွေကလည်း မွှေးတယ်..

မေမေ့အချစ်ကလည်း အေးပါတယ်..”

Ngwe Ou’s FaceBook
Ngwe Ou’s FaceBook
Ngwe Ou’s FaceBook 

သရုပ်ဆောင် ပြေတီဦးရဲ့ မိခင်ကြီးရဲ့ စံပါယ်ပန်း လေးတွေနဲ့အပြိုင် ဖြူစင်ပြီး လှပနေတဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။