တောင်ကိုရီးယား အနုပညာရှင် ဇနီးမောင်နှံလေးဖြစ်တဲ့ Binjin စုံတွဲလေးဟာ မကြာသေးမီ မတ်လ ၃၁ ရက်နေ့က လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးလက်ထပ်ထားတာ အချိန်ကလာ အတန်ကြာသွားပေမယ့် လူစိတ်ဝင်စားမှု အများဆုံး ရှာဖွေမှု ဖြစ်နေပါသေးတယ်။

Google

ပရိသတ်တွေ အားလုံးကလည်း Binjin စုံတွဲလေးအတွက်များစွာ စိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။ မကြာသေးမီက ပရိသတ်တစ်ယောက်က Binjin စုံတွဲရဲ့ လက်ထပ်ပြီးခါစ လျောက်သွားနေတဲ့ ပုံလေးတွေ ကို မြင်ခဲ့တဲ့အကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာတင်ခဲ့ပါတယ်။

Google

ပရိသတ်က Binjin စုံတွဲ လက်ထပ်ပြီးခါစ ပုံရိပ်လေးကို ဧပြီလ ၆ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Google

“Binjin စုံတွဲလေးကလေ Walkerhill မှာ ကိတ်မုန့်ဝယ်ဖို့ အတူတူထွက်လာကြတာ .. သူတို့တွေ့တွေ့ချင်း ကျွန်မ အရမ်းအံ့သြသွားတာ .. တကယ့် အပြင်ဘဝမှာလည်း Hyun Bin က အရမ်းကို ခံ့ညားပြီး Ye Jin က တော်တော်လှတယ်။ မမ Ye Jin က တော်တော်လှလွန်းလို့ ကျွန်မ မိန်းကလေး အချင်းချင်းတောင် ကြွေမိတာပါ။”

Google

ကံကောင်းတဲ့ ပရိသတ်လေးက နာမည်ကြီးစုံတွဲလေးရဲ့ အကြောင်းကို ဝမ်းသာအားရနဲ့ ပြောလာခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။