တောင်ကိုရီးယား သရုပ်ဆောင် စုံတွဲလေးဖြစ်တဲ့ Hyun Bin နဲ့ Son Ye-jin တို့ရဲ့ မင်္ဂလာပွဲလေးကို မကြာသေးမီအချိန် မတ်လ ၃၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲတွေကို နာမည်ကြီး သရုပ်ဆောင်အများ အပြား တတ်ရောက်ခဲ့ ပါတယ်။ Ji Seok-jin က တော့ မင်္ဂလာပွဲကို မတတ်ရောက်နိုင်ဘူးလို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာပွဲအခန်းအနားနေ့မှာ  Ji Seok-jin တစ်ယောက် ရောက်လာခဲ့ပါတယ်။

Google

မင်္ဂလာပွဲကို မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့တဲ့ အကြောင်းကို Ji Seok-jin က ဧပြီ ၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Yoon Jung-soo and Nam Chang-hee’s Mr.Radio အစီအစဉ်မှာ ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။ Ji Seok-jin က အဲဒီနေ့မှာ မင်္ဂလာပွဲရှိတယ်ဆိုတာ သူကိုယ်တိုင်တောင်မသိခဲ့ရဘူးလို့ ဆိုပါတယ်။

Google

Ji Seok-jin က ဟိုတယ်ကို ရိုက်ကူးရေးအတွက် ရောက်လာတာဖြစ်ပြီး ဝင်ဝင်ချင်းမှာ သတင်းထောက်တွေ အများကြီးတွေ့တာကြောင့် မင်္ဂလာပွဲရှိတယ်လို့တော့ ထင်မိကြောင်း Ji Seok-jin က ဆိုပါတယ်။ ပွဲအခန်းအနားကို လာကြတဲ့သူတွေက မင်္ဂလာပွဲကို တတ်ရောက်တဲ့သူလားလို့ မေးပေမယ့် Ji Seok-jin က မဟုတ်ကြောင်း ငြင်းခဲ့တယ်လို့ သိရပါတယ်။ အလုပ်ကိစ္စကြောင့်သာ လာခဲ့တာဖြစ်တယ်လို့လည်း Ji Seok-jin က ထပ်ဆောင်းပြောထားတယ်လို့ သိရပါတယ်။

Google

Ji Seok-jin က သူဟာ Binjin စုံတွဲနဲ့ တစ်ခါမှ မတွေ့ဖူးသေးတဲ့သူဖြစ်ပြီး အရမ်းရင်းနှီးတဲ့သူ မဟုတ်သလို Son Ye Jin နဲ့လည်း ပရိုဂရမ်မှာပဲ မြင်ဖူးတဲ့အကြောင်း ဆိုပါတယ်။

Google

အဆိုပါ ဟိုတယ်မှာ BinJin တို့ မင်္ဂလာပွဲ ကျင်းပမယ်ဆိုတဲ့အကြောင်းကိုလည်း Ji Seok-jin က မသိဘူးလို့ ဆိုပါတယ်။ လူသိများတဲ့ သူတစ်ယောက် အနေနဲ့ မင်္ဂလာပွဲကိုရောက်သွားပေမယ့် သူ့အတွက်ထိုင်ခုံနေရာတောင် မရှိတာကြောင့် အငြင်းခံလိုက်ရသလို ခံစားချက်ကြီးက နည်းနည်း ထူးဆန်းတယ်လို့ Ji Seok-jin က ဆိုပါတယ်။

Google

ဟိုတယ်ကို ရောက်သွားတဲ့အချိန်မှာလည်း သူ့အတွက် ထိုင်ခုံမရှိခဲ့သလို ဝင်ပေါက်မှာလည်း ဖိတ်စာ ပေးဖို့ တောင်းတဲ့အကြောင်း Ji Seok-jin က ဆိုပါတယ်။ သူကိုယ်တိုင် မျက်စိလည်ပြီးရောက်သွားခဲ့ရတဲ့ Binjin စုံတွဲရဲ့ မင်္ဂလာပွဲအတွေ့အကြုံလေးကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။