ဒီကနေ့ ဧပြီလ ၅ ရက်နေ့ဟာဆိုရင် ပြည်သူချစ် မင်းသမီးလေး ပိုင်ဖြိုးသုရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ သုသုဟာဆိုရင် သူမ  "ဝရမ်းပြေး"  တံဆိပ် အကပ်ခံထားရတဲ့ အခုလို အခြေအနေမှာတောင် သူမကို ဝိုင်းဝန်းချစ်ခင်ပေးကြတဲ့ သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်ကနေ အခုလိုလေးပြောလာခဲ့ပါတယ်။  

Paing Phyo Thu’s Facebook

“ ၃၂ နှစ်ပြည့်သွားပြီ.....

မြန်မာအယူနဲ့ဆိုရင် "၃၃"ထဲ‌ဝင်သွားပြီပေါ့....

အပူးဂဏန်းတွေမှာ ကံအရမ်းဆိုးတတ်တယ် ဆိုတဲ့အစွဲလမ်းတစ်ခုသုသုမှာရှိတယ်....

သုသု၂၁နှစ်ပြည့်ပြီး၂၂နှစ်ထဲမှာ သုသုအစ်မကြီးဆုံးသွားတဲ့အချိန်ကစလို့ပေါ့....

အခု၃၃နှစ်ထဲမှာ ဘာတွေဆက်ဖြစ်ဦးမလဲတော့မသိဘူး....

Paing Phyo Thu’s Facebook

ဘာတွေဘယ်လိုဖြစ်ဖြစ် "ဝရမ်းပြေး" တံဆိပ်ကပ်ခံထားရတဲ့အချိန်မှာတောင် ချစ်ပေးခင်ပေးကြတဲ့သူအားလုံးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...

အခုချိန်ထိ ပိုင်ဖြိုးသုကို boycottမလုပ်လိုက်ကြပဲ ည၁၂နာရီကစလို့တစ်နေကုန် birthday wish လုပ်ပေးနေကြသူအားလုံးကို တကယ်ကျေးဇူးတင်ပါတယ်....wall postတွေ messageတွေတိုင်းကိုreply မလုပ်တာကိုလည်းနားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်။ I just don't wanna cause any trouble to those who I love.

သေချာတာကတော့ အရေးတော်ပုံမအောင်မချင်းသုသုအိမ်ပြန်ဖြစ်တော့မှာမဟုတ်ဘူး...

ကိုယ့်မိသားစု ကိုယ်မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်ရတော့မှာမဟုတ်ဘူး....

အားလုံးကိုသတိရပါတယ်....

အိမ်လွမ်းပြီး အိမ်ပြန်ချင်တဲ့စိတ်နဲ့ပဲ မွေးနေ့ကိုဖြတ်သန်းရတာနှစ်နှစ်ရှိသွားပြီ....

တစ်ချိန်ချိန်တော့ ကိုယ့်အိမ် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ မွေးနေ့ကိုဖြတ်သန်းခွင့်ပြန်ရချင်ပါတယ်.....”

Paing Phyo Thu’s Facebook

ချစ်ရတဲ့ ပြည်သူ့မင်းသမီးလေး သုသုဟာဆိုရင် အခက်အခဲ အတားအဆီးတွေ အများကြီး ကြားထဲကနေယုံကြည်ရာကို သတ္တိရှိရှိ လျှောက်လှမ်းနေတဲ့သူလေးဖြစ်ပါတယ်။ သုသုတစ်ယောက် မွေးနေ့လေးက စတင်ပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒများ ပြည့်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ❤️❤️❤️

Paing Phyo Thu’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။