အဆိုတော် သရုပ်ဆောင် ကျော်ကျော်နန္ဒဟာ ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ခဲ့ရင်း ၅၀၅ (က) နဲ့ ဖမ်းဝရမ်းအထုတ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလမှာ ဆိုရင် ကျော်ကျော်နန္ဒတစ်ယောက် မိန်းမလိုတစ်မျိုး ၊ ယောကျာ်းလိုတစ်ဖုံ သူ့ရဲ့ မျက်နှာကို  မမှတ်မိအောင် အမျိုးမျိုး ရုပ်ဖျက်ခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

KKND’s Facebook

အရင်နှစ်က ဒီအချိန်မှာဆိုရင် ကျော်ကျော်နန္ဒတစ်ယောက် ထွက်ပြေးတိမ်းရှောင်နေရပြီပဲ ဖြစ်ပါတယ်။ ထွက်ပြေးတမ်းရှောင်ခဲ့စဉ်က တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ကျော်ကျော်နန္ဒတစ်ယောက် အခုလို ဝေမျှပေးလာခဲ့ပါတယ်။

KKND’s Facebook
KKND’s Facebook

“၂၀၂၁ ခုနှစ်ဒီလိုချိန် 505 ဝရမ်းပြေဘဝမှာနေရာစုံ ဝတ်စုံပေါင်းစုံနဲ့ မိန်းမလိုတမျိုးယောက်ကျားလိုတမျိုးဖြတ်သန်းခဲ့ရတာလေးပါ နေကောညကောထိတ်လန့်ခဲ့ရတာ ဘယ်တော့မှမမေ့ပါဘူး ကူညီစောင့်ရှောက်ခဲ့သူများကိုလည်းကျေးဇူးမမေ့ပါဘူး လက်ရှိလည်း အမြန်ဆုံး အေးချမ်းကြပါစေ”

KKND’s Facebook
KKND’s Facebook
KKND’s Facebook

အခက်အခဲတွေ ကြားထဲက ထွက်ပြေး တိမ်းရှောင် ခဲ့ရတဲ့ ပြည်သူချစ် အနုပညာရှင် ကျော်ကျော်နန္ဒ ရဲ့ရုပ်ပြောင်းရုပ်လွှဲ ပုံရိပ်လေးတွေကို အားလုံးပဲ ကြည့်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။