တောင်ကိုရီးယား မင်းသမီး Kim Tae Ri ဟာဆိုရင် သူမ မကြာခင်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Twenty Five, Twenty One ရဲ့ သနားစရာ ဇာတ်သိမ်းကို ပြောင်းလဲ ပေးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

Google

Twenty Five ,Twenty One ဒရမ်မာဟာ ငယ်ရွယ်ပြီး လတ်ဆက်နေတဲ့ လူငယ်လေးတွေ အကြောင်း ရိုက်ကူးထားတဲ့ ပျော်ရွှင်စရာ ဇာတ်လမ်းလေးဖြစ်ပေမယ့် ဇာတ်သိမ်းကတော့ မထင်မှတ်ထားလောက်အောင် ဝမ်းနည်းဖို့ ကောင်းလှပါတယ်။ အစပိုင်းမှာ ပျော်ရွှင်စရာ ကောင်းခဲ့သလောက် အဆုံးသတ် မကောင်းခဲ့လှတဲ့ Twenty Five ,Twenty One ဇာတ်လမ်းရဲ့ ဇာတ်အပြောင်းအလဲဟာ အပိုင်း ၁၀ ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ဆန် လှပတဲ့ ဇာတ်ကြောင်းကို လက်တွေ့ဆန်ဆန် ပုံစံနဲ့ အဆုံးသတ်ခဲ့ရတဲ့ စာရေးဆရာမ Kwon Do-eun ရဲ့ ဆုံးဖြတ်ချက်ကိုလည်း  Kim Tae Ri တစ်ယောက် ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

Google
Google

ငိုယိုပြီး တောင်းဆိုခဲ့တဲ့အထိလုပ်ခဲ့ပေမယ့် စာရေးဆရာမ ဖြစ်ချင်တဲ့ ဇာတ်သွား ဇာတ်လာ ပုံစံကိုက အခုလိုမျိုး သွားချင်တာ ဖြစ်တာကြောင့် Kim Tae Ri လက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လူငယ်ဆန်ဆန် စိတ်ကူးယဉ် အချစ် ဇာတ်လမ်းလေး အဖြစ် လှလှ ပပ အဆုံး သတ်ချင်ပေမယ့်လည်း စာရေးဆရာမရဲ့ လက်တွေ့ဆန်တဲ့ ယူဆချက်နဲ့ နိဂုံးချုပ်ကို Kim Tae Ri နဲ့ ပရိသတ်တွေ အားလုံးက လက်မခံချင်ပဲ လက်ခံခဲ့ကြရပါတယ်။

Google

Twenty Five ,Twenty One ဇာတ်လမ်းလေးက စုစုပေါင်း အပိုင်း ၁၆ ပိုင်း ပါဝင်ပြီး ဧပြီလ ၃ ရက် ၂၀၂၂ ခုနှစ်မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Source - Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။